Unicode ver.
နောက်တစ်နေ့ အရုဏ်ဆွမ်းမစားမီ ၄နာရီခွဲတွင်တော့ ခရာလည်းနိုးလာခဲ့သည် မနေ့ညကခရီးပန်းခဲ့တာကြောင့် အိပ်ယာထနောက်ကျလေသည်မို့ ကုန်းရုန်းထကာ
"အရီး မျက်နှာဘယ်မှာသစ်လို့ရလဲ"
"အိမ်ရှေ့မှာ ရေရှိတယ် အဲ့မှာသစ်လို့ရတယ် ဆရာလေး"
အိမ်နောက်တွင်ဟင်းချက်နေသော အရီးကပြောလေသည်
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အရီး"
"ရပါတယ်ကွယ်"
အိမ်ရှေ့တွင်မျက်နှာသွားသစ်တော့ တစ်ယောက်ကိုတစ်ယောက်မှီကာအိပ်ပျော်နေသော လှစိန်နဲ့ သူကြီးကိုတွေ့လိုက်ရသည် ခရာလည်းမျက်နှာသစ်ပြီးသည်နှင့် နောက်ဖေးမီးဖိုဆောင်သို့၀င်သွားလိုက်သည်နှင့် ထမင်းအိုးထိုင်စောင့်နေသော သူကြီးကတော်က
"ဆရာလေး ဘာလာလုပ်တာလဲ"
"ကျွန်တော်ကူလုပ်ပေးချင်လို့ပါ"
"အို မဟုတ်တာ ဆရာလေးကိုဘယ်လိုလုပ်အလုပ်လုပ်ခိုင်းရမှာလဲ"
"ကျွန်တော်ကူပေးချင်လို့ပါ"
"မဟုတ်တာ ဆရာလေးရယ်"
"ကျွန်တော်လုပ်စရာလည်းရှိတာမဟုတ်ဘူး ဘုန်းကြီးကျောင်းဆွမ်းကပ်ဖို့မလား ကုသိုလ်ယူချင်လို့ပါ"
"ပြောမရလည်း သဘောပါကွယ်"
ထမင်းဟင်းများချက်ပြီးစဥ်တွင်တော့
"အိုး ဆရာလေးကဟင်းချက်ကောင်းလိုက်တာ မွှေးနေတာပဲ အရီးတောင်ဗိုက်ဆာလာသလိုပဲ"
သူကြီးကတော်က အရမ်းမြှောက်ပင့်နေတာကြောင့် ရှက်ရှက်နှင့် မျက်စိထောင့်နားကမှည့်ကို ကုတ်နေမိသည် ထိုစဉ် ရေပုံးထမ်းကာ လူတစ်ယောက်ရောက်လာပြီး ရေချိုးကန်တွင်ဖြည့်လိုက်သည်
"ဟဲ့ ငတေ အဲ့ရေပုံးကဘာလုပ်တာလဲ"
"သူကြီးတို့ဒီနေ့ ဘုန်းကြီးကျောင်းဆွမ်းကပ်မယ့်အလှည့်မလား အရီးတို့ရေချိုးလို့ရအောင်ရေလာဖြည့်ပေးတာ"
"အိုး နင်အရင်ကမလုပ်ဖူးပါဘူး ဒီနေ့မှထူးထူးဆန်းဆန်း"
"အို အရီးကလဲ"

YOU ARE READING
ရွှေ၀ါရောင်အက္ခရာများ (ေ႐ႊဝါေရာင္အကၡရာမ်ား)
Fantasíaဂျူးရေးထားတဲ့၀တ္ထုလေးကစိတ်ကူးယဉ်၀တ္ထုမို့ ဘယ်သူတစ်စုံတစ်ဦးတစ်ေယာက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ အမှားပါခဲ့ရင်ဒီနေရာကပဲတောင်းပန်ပါတယ်။