"ဂျောင်ကု~ကိုယ်နေတဲ့တိုက်ခန်းကိုလိုက်နေချင်လား?"
"ဟင့်အင်း ငါ ဒီအိမ်လေးမှာဘဲနေချင်တယ် သူနဲ့အတူရှိခဲ့တဲ့အမှတ်တရတွေနဲ့သူ့အငွေ့အသက်တွေရှိနေတဲ့ဒီအိမ်လေးမှာဘဲငါနေချင်တယ် ဂျင်~"*အဲ့လောက်တောင်သူ့ကိုချစ်တာဘဲလားကွာ~*
"အင်းပါ ဂျောင်ကုသဘောပါ ဂျောင်ကုနေချင်တဲ့နေရာမှာနေပါ ကိုယ်လည်းဂျောင်ကုနဲ့အတူဒီမှာလာနေမယ်လေ ဂျောင်ကုအဖော်ရအောင်ပြီးတော့ ဂျောင်ကုတို့သားအဖကိုအနီးကပ်စောင့်ရှောက်လို့ရအောင်"
"အင်း ကျေးဇူးဘဲ ဂျင်~မင်းကငါ့အတွက်အကောင်းဆုံးသူငယ်ချင်းဘဲ"
"ဒါပေါ့ ကိုယ်က..ဂျောင်ကုရဲ့အကောင်းဆုံးသူငယ်ချင်းလေ~"*ဒါကြောင့်ဘဲကိုယ့်အချစ်တွေကိုထုတ်မပြခဲ့တာပေါ့~ကိုယ်ဟာမင်းအတွက်သူငယ်ချင်းတစ်ယောက်ထက်မှမပိုနိုင်ဘဲ*
"ဂျင်~ဘာတွေတွေးနေတာလဲ?"
"ဟမ် ဘာမှမတွေးပါဘူး"
"ဒါနဲ့ဂျင် မင်းဘာလို့ငါ့ကိုအကြာကြီးအဆက်အသွယ်ဖြတ်ထားခဲ့တာလဲ?ပြီးတော့မင်းနိုင်ငံခြားကိုသွားတာသုံးနှစ်တောင်ကြာတယ်နော် အလုပ်ကိစ္စကအဲ့လောက်တောင်အရေးကြီးနေလို့လား?"
"အင်း ဟုတ်တယ် အလုပ်ကိစ္စကအရေးကြီးနေလို့ ပြီးတော့ကိုယ်မင်းကိုမဆက်သွယ်ဖြစ်တာလည်းအလုပ်ကိစ္စတွေနဲ့မအားလို့ပါ..ထားလိုက်ပါ အဲ့အကြောင်းတွေပြောမနေပါနဲ့တော့ ဒါနဲ့မင်းအလုပ်လုပ်နေတယ်ကြားတယ် အဲ့အလုပ်ကိုရောဘယ်လိုလုပ်မှာလဲ?"
"ဟင်းးးးဘယ်တတ်နိုင်မလဲအလုပ်ထွက်ရတော့မှာပေါ့ သားလေးတစ်ဖက်နဲ့အလုပ်တစ်ဖက်နဲ့ဆိုတော့အဆင်ပြေမှာမဟုတ်ဘူး"
"ကလေးထိန်းတစ်ယောက်လောက်ငှားလိုက်ရင်ရော"
"ဟင့်အင်း ငါ့သားလေးကိုငါကိုယ်တိုင်ဘဲထိန်းမယ်"
"အင်းပါ မင်းသဘောပါ ကဲပါ အခုမင်းသားလေးဖို့လိုအပ်မယ့်ကလေးပစ္စည်းတွေသွားဝယ်ကြရအောင်"
"အင်း"ဒီလိုနဲ့Shopping mallတစ်ခုထဲဝင်ပြီးကလေးအတွက်လိုအပ်မယ့်ပစ္စည်းတွေဝင်ဝယ်ကြရင်း ငွေရှင်းကောင်တာရောက်တော့
"အကို့အမျိုးသားနဲ့ကလေးလား?နှစ်ယောက်လုံးကချစ်စရာလေးနော် အကိုတို့မိသားစုလေးကချစ်ရာကောင်းလိုက်တာ"