"အိုမား!!!!"
သူခေါ်လိုက်သည်ကိုကြားသည်နှင့်မီးဖိုချောင်ကနေပြေးထွက်လာတဲ့အိုမား လက်ထဲမှာလည်းယောင်းမတစ်ခုကိုကိုင်ထားလေသည်။ခဏကြာတော့သူရှိရာကိုလျှောက်လာပြီး
*ဒေါက်*
"အ့"
နာကျင်သွားတဲ့ဦးခေါင်းနဲ့အတူထွက်ပေါ်လာတဲ့နာကျင်စွာငြီးညူသံ...အိုမားကလက်သံပြောင်လိုက်ဝာာ~
"အိုမား သားကိုဘာလို့ခေါက်တာလဲ~"
"ဘာလို့ခေါက်တာလဲမသိဘူးလား နင်ငါတို့ကိုအဆက်အသွယ်ဖြတ်ထားလို့ခေါက်တာ ဘယ့်နှယ့် မိဘတွေကိုသုံးနှစ်ကြီးများတောင်အဆက်အသွယ်ဖြတ်ထားရတယ်လို့ ပြောစမ်းပါအုံးနင်ကဘာတွေများအလုပ်ရှုပ်နေလို့အဆက်အသွယ်ဖြတ်ထားရတာတုန်း ကင်ဆော့ဂျင်!မင်းငါမပြောချင်လို့ကြည့်နေတာနော် နင်ဘယ်အချိန်ထိဂျောင်ကုအပေါ်စွဲလမ်းနေအုံးမှာလဲ ကိုယ့်ကိုမချစ်မနှစ်သက်တဲ့သူတစ်ယောက်ကိုဘယ်အချိန်ထိဖက်တွယ်နေအုံးမှာလဲ ပြီးတော့ေဂျာင်ကုကအိမ်ထောင်သည်တစ်ယောက်မင်းကလူပျိုလူလွတ်တစ်ယောက် မင်းမှာရှေ့ဆက်ရမယ့်အနာဂတ်တွေရှိသေးတယ် ဂျောင်ကုအပေါ်မှာဘဲနင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုကုန်ဆုံးမနေနဲ့~"
"...သား တောင်းပန်ပါတယ် အိုမား~"
"ဟင်းးးးးဆော့ဂျင် သား....အိုမားမင်းကိုအပြစ်တင်နေတာမဟုတ်ဘူး မင်းနာကျင်နေတာတွေကိုမကြည့်ရက်လို့မင်းကိုအဲ့ဒီအချစ်နွံထဲကနေရုန်းထွက်ဖို့ပြောနေတာ~မင်းဂျောင်ကုကိုသိပ်ချစ်တာအိုမားတို့သိတယ် ဒါပေမယ့်သားရယ် သူကမှသားကိုမချစ်လို့တခြားတစ်ယောက်နဲ့လက်ထပ်သွားတာဘဲ ဘာကြောင့်သားကကပ်တွယ်နေချင်သေးရတာလဲ သားဒီကိုအရင်ရက်တွေကတည်းကပြန်ရောက်တာလည်းအိုမားသိပြီးပြီ သားအခုဂျောင်ကုအိမ်မှာနေနေတယ်ဆိုတာလည်းယွန်းဂီလေးဆီကနေသိပြီးပြီ သားကိုချစ်လို့အိုမားဘာမှမပြောဘဲနေတာဖြစ်နိုင်ရင်သားကိုအဲ့အိမ်မှာဆက်မနေစေချင်ဘူး.."
"သား ဂျောင်ကုကိုမပိုင်ဆိုင်ရတောင် သူ့ကိုစောင့်ရှောက်ခွင့်လေးတော့ပေးပါ အိုမား"