(Ficအရေရးတာမို့ယုတ္တိမရှိခဲ့တာေတွရှိရင်ေတာင်းပန်ပါတယ်)
ဂျောင်ကုဖုန်းတွေတောက်လျှောက်ခေါ်နေပေမယ့်လည်းပြန်ဖြေလာခြင်းမရှိသလိုစိတ်ထဲတွင်လည်းလေးပင်နေသလိုမျိုးခံစားနေရသည်။ထိုစဉ်ဖုန်းဝင်လာတာကြောင့်ကြည့်လိုက်တော့ ယွန်းဂီ...ခေါ်နေသူဆီကမဟုတ်တာကြောင့်စိတ်ခုသွားပေမယ့်လည်းဖုန်းလက်ခံဖြေဆိုလိုက်လျှင်ပင်
"ဟယ်လို~ယွန်းဂီ"
"ဂျောင်ကု!!!ဆော့ဂျင်ကားအက်ဆီးဒင့်ဖြစ်လို့ဆေးရုံရောက်နေတယ် မင်းအခု xxxxx..hospitalကိုလိုက်ခဲ့လိုက်"
"ဟုတ် ဟုတ်ပြီ ငါအခုလိုက်ခဲ့မယ်..."
တစ်ဖက်ကမချခင်မှာတင်သူ့ဘက်ကအရင်ဖုန်းချလိုက်ပြီးရင်းနှီးနေပြီဖြစ်တဲ့အိမ်နီးချင်းအဒေါ်ကြီးဆီသွားကာညကြီးအေနှာင့်အယှက်ေပးမိလို့အားနာေကြာင်းနဲ့ကလေးကိုခဏကြည့်ထားပေးဖို့အကျိုးသင့်အေကြာင်းသင့်ရှင်းပြကာအကူအညီတောင်းလိုက်ရသည်။ထို့ေနာက်နီးစပ်ရာtaxiငှားပြီးဆေးရုံကိုအမြန်လိုက်လာခဲ့လိုက်တော့သည်....
"ကျေးဇူးပြုပြီး ဂျင်ရယ် ဘာမှမဖြစ်လိုက်ပါနဲ့"
ဆေးရုံရောက်လျှင်ပင်ကားခအမြန်ရှင်းကာဆေးရုံအတွင်းထဲပြေးဝင်သွားတော့အထဲမှာသူ့ကိုစောင့်နေတဲ့ယွန်းဂီနဲ့တွေ့လေသည်...ယွန်းဂီကဂျင်ရှိရာကိုခေါ်သွားနေစဉ်
"ယွန်းဂီ~ဂျင် ဂျင် ဘာမှမဖြစ်ဘူးမို့လားဟင်?"
"မသိရသေးဘူး ဂျောင်ကု~ေဆာ့ဂျင်ကအခုအရေးပေါ်အခန်းမှာဘဲရှိသေးတယ်"
"ဘယ်လိုဖြစ်ရတာလဲ"
"ဂျောင်ကု~ေဆာ့ဂျင်ကားအက်ဆီးဒင့်ဖြစ်တဲ့နေရာကမင်းအိမ်ရဲ့အရှေ့သုံးလမ်းကျော်လောက်မှာ~အနီးနားကလူတွေကေဆာ့ဂျင်ကိုဆေးရုံတင်ပေးခဲ့တာ~နောက်မှအန်တီတို့ဆီဖုန်းဆက်လာရာမှတစ်ဆင့်အန်တီကငါ့ကိုဖုန်းဆက်ပြောလို့သိရတာ ဂျောင်ကု~ေဆာ့ဂျင်တစ်ခုခုဖြစ်ခဲ့ေသးလား?"
"ဟင့်အင်း...ဒါပေမယ့် ဂျင်ကရုတ်တရက်ကြီးငါ့ကိုအော်ပြီးအပြင်ကိုမောင်းထွက်သွားတာ"