ယွန်းဂီပေးတဲ့လိပ်စာအတိုင်းသွားလိုက်တော့
နှစ်ထပ်အိမ်လေးတစ်အိမ်ကိုတွေ့ရသည်။"ဒီအိမ်လားမသိဘူး ယွန်းဂီပေးတဲ့အတိုင်းဆိုရင်တော့ဒီအိမ်ဘဲဖြစ်ဖို့များပါတယ်"
ထိုအိမ်ရှေ့ကိုလျှောက်သွားလိုက်ပြီး အိမ်တံခါးဘဲလ်တီးလိုက်တော့ တံခါးကပွင့်မလာ။အတော်ကြာတဲ့အထိစောင့်နေပေမယ့်ဘာမှမထူးခြားတာကြောင့်
"အိမ်များမှားတာလား~"
ထိုသို့တွေးလိုက်ရင်းလှည့်ပြန်မယ်လုပ်တော့
တံခါးဖွင့်သံနဲ့အတူ ထွက်လာတဲ့ဂျောင်ကု~
သူ့ကိုမြင်တော့အံ့ဩသွားတဲ့ဂျောင်ကုက"ဂျင်~~"
သူ့ရှေ့ကလွမ်းနေခဲ့ရတဲ့သူလေးရဲ့မျက်နှာကိုမြင်သည်နှင့် ရုတ်တရက်ဆိုသလိုဂျောင်ကုကိုပွေ့ဖက်လိုက်မိသည်။
ထိုအခါရုတ်တရက်မို့လန့်သွားတဲ့ဂျောင်ကုက"ဂျင်~~ဘာ.."
"လွမ်းနေတာ~~မင်းရောက်မလာတော့~
ဘာလို့လာမတွေ့တော့တာလဲ?""ငါ....ငါမအားလို့ပါ~"
ထိုသို့ဆိုလိုက်တော့ ဖက်ထားရာကနေလွှတ်လိုက်ပြီး
"စိတ်မကောင်းပါဘူး~"
"ဘာကိုလဲ~"
"မင်းရဲ့ မိန်းမဆုံးသွားတဲ့အတွက်~"
"အော်...."
"ဒါနဲ့ မင်းမှာကလေးရှိတယ်ဆို ဘယ်မှာလဲ အိမ်ထဲမှာလား ငါဝင်ကြည့်လို့ရမလား"
"ရပါတယ် လာလေ ဝင်ခဲ့"
"အင်း"
ဂျောင်ကုခေါ်ရာနောက်ကိုလိုက်သွားလိုက်တော့
"ဒီမှာခနထိုင်နေအုံးနော် ဂျင်~ငါသားလေးကိုသွားခေါ်လိုက်အုံးမယ်"
"အွန်း"
အပေါ်ထပ်ကိုတက်သွားတဲ့ဂျောင်ကု.....
သူကတော့ဆိုဖာမှာထိုင်ရင်းအိမ်အတွင်းထဲကိုလှည့်ပတ်ကြည့်ေနမိရင်းကမှစာအုပ်စင်ပေါ်မှာတင်ထားတဲ့
snow ballလေးဆီအကြည့်ရောက်သွားမိသည်။ထိုင်နေရာမှထကာထိုစာအုပ်စင်ဆီလျှောက်ကာသွားလိုက်ပြီး snow ball လေးကိုယူကြည့်လိုက်မိသည်။သေချာကြည့်တော့မှအထဲမှာလခြမ်းပုံသဏ္ဌာန်လေးနဲ့ထိုလခြမ်းလေးပေါ်မှာကျယုန်ဖြူလေးတစ်ကောင်အိပ်နေလေသည်။သူဒီပုံစံလေးကိုမြင်ဖူးသည် သို့ပေမယ့်ဘယ်မှာမြင်ဖူးလဲဆိုတာစဉ်းစားမရပေ။သူကြည့်နေတုန်းမှာပင်