ဂျောင်ကုအိပ်ယာနိုးပြီးအပေါ်ထပ်ကနေဆင်းလာတော့မီးဖိုချောင်မှာတစ်ခုခုလုပ်နေပုံရတဲ့ဆော့ဂျင်ကြောင့်
"ဂျင်~ဘာလုပ်နေတာလဲ?"
"အော် ဂျောင်ကု နိုးပြီလား?"
"အင်း"
"ကိုယ် ဂျောင်ကုစားဖို့breakfastလုပ်နေတာ ခဏလေးစောင့်နော် ရတော့မယ်"
"အင်း ဒါနဲ့ ငါ့ဖို့လုပ်နေတာဆိုတော့ မင်းဖို့ကရော စားပြီးသွားတာလား?"
"ဟင့်အင်း ကိုယ်မစားတော့ဘူး ဒီနေ့အိုမားတို့ဆီသွားမှာမို့"
"အော်....ဒါနဲ့ ဂျင်မင်းကဘာနဲ့သွားမှာလဲ"
"ကိုယ်ဒီကနေယွန်းဂီဆီtaxiငှားသွားမှာ..ကိုယ့်ကားကသူ့ဆီမှာအပ်ထားခဲ့တာေလ"
"အဲ့ဒါဆိုလည်း အန်တီတို့ဆီရောက်ရင်ငါကမေးတယ်လို့ပြောလိုက်အုံးနော်"
"အင်း...ကဲ ရပြီ ကိုယ်ကလေးဖို့နို့မှုန့်လည်းဖျော်ထားခဲ့တယ်နော် ဂျောင်ကုဒီတိုင်းတိုက်လိုက်ရုံဘဲ"
"အင်း"
"ဒီနေ့တော့ကိုယ်အိမ်ပြန်အိပ်ဖြစ်မှာမဟုတ်ဘူး အိုမားတို့ဆီမှာအိပ်မှာမို့ အဲ့ဒါကြောင့်ကိုယ်နေ့လယ်စာတော့ချက်ထားေပးခဲ့တယ် ညစာကတော့အပြင်ကနေဝယ်စားလိုက်နော် နောက်ရက်တွေတော့ကိုယ်ဘဲချက်ကျွေးပါ့မယ် ဒါပေမယ့် အပြင်စာဝယ်စားရင်လည်းသေချာကြည့်ဝယ်စားနော်"
"ဂျင်ရယ်~ကိစ္စမရှိပါဘူး ခါတိုင်းလည်းငါတို့ကအပြင်စာဝယ်စားနေကြပါ"
"ဟမ် အဲ့ဒါဆို နာယောင်းကဟင်းချက်မကျွေးဘူးလား?"
"ဟင့်အင်း သူကဟင်းမချက်တတ်ဘူး ငါကလည်းကောင်းကောင်းမချက်တတ်တာမို့အပြင်စာဘဲဝယ်စားကြတာ"
"ဟင်းးးးအဲ့လိုဆိုပေမယ့်လည်း အပြင်စာတွေဆိုတာလည်းအိမ်ထမင်းဟင်းလောက်ကောင်းတာမဟုတ်ဘူး ကျစ်!!ဘယ်လိုလုပ်ပေးရပါ့"
"ကဲပါ ဂျင်ရယ် ဒီနေ့ဘဲအပြင်စာဝယ်စားမှာဘဲကို မင်းဘာသာစိတ်ချလက်ချသာသွား
ငါတို့အတွက်စိတ်ပူမနေနဲ့"
"အင်း အဲ့ဒါဆိုလည်း ပြီးရော ကိုယ်သွားတော့မယ် အိမ်မှာသေချာဂရုစိုက်နေနော် ကြားလား တစ်ခုခုဆိုကိုယ့်ကိုဖုန်းလှမ်းဆက်လိုက်"
"ဂျင်~~မင်းဒီနေ့မှာနေတာနဲ့တင်သွားဖြစ်အုံးမှာလား?သွားပါ ငါတစ်ယောက်တည်းဖြစ်ပါတယ်"
"အိုကေ အိုကေ အဲ့ဒါဆိုအတည်သွားပြီ"သူ့ကိုမှာတမ်းချွေနေတာမပြီးနိုင်တဲ့ဂျင့်ကိုသူအတင်းသွားခိုင်းမှသာထွက်သွားတော့သည်
တစ်ခါတစ်လေ ဂျင်ကသူ့ကိုဆိုသည်းသည်းလှုပ်ဂရုစိုက်လွန်းအားကြီးတယ်လို့ထင်မိသည်....ပျံ့လွင့်နေတဲ့အတွေးတို့ကိုပြန်စုစည်းရင်းစားပွဲပေါ်မှာရှိေနတဲ့ဂျင်ပြင်ပေးထားခဲ့တဲ့breakfastကိုကြည့်ပြီးပြုံးလိုက်မိသည်....*ဂျင့်ကိုရတဲ့မိန်းကလေးကတော်တော်ကံကောင်းမှာဘဲ*~ထို့နောက်မှာတော့breakfastစားသောက်ခြင်းလုပ်ငန်းကိုစတင်လိုက်တော့သည်.......
---------------------------------------------------
Taxiငှားပြီးယွန်းဂီအိမ်ဆီထွက်လာခဲ့လိုက်ေတာ့သည်.....
ယွန်းဂီဆီရောက်တော့သူရုတ်တရက်ရောက်ချလာတာကြောင့်အံ့ဩသွားပြီးခဏကြာတော့သူ့ကိုပွေ့ဖက်ကာနှုတ်ဆက်လေသည် ထို့နောက်သူ့ကိုအိမ်ထဲေခါ်ဧည့်ခံရင်း
"ဂျင်~မင်းကတော့လေလွန်လွန်းတယ်မထင်ဘူးလား?တစ်ဦးတည်းသောအဆက်အသွယ်လုပ်ဖြစ်တဲ့ငါ့ကိုနိုင်ငံခြားကေနပြန်လာတာနဲ့လာေတာင်မေတွ့ဘူးေဂျာင်ကုရဲ့ကိစ္စေတွေကြာင့်မလာဖြစ်ေသးတာသိေပမယ့်အနည်းဆုံးေတာ့ကိစ္စေတွပြီးတဲ့အခါလာေတွ့သင့်တယ်မထင်ဘူးလား?"
"ဟားဟား တောင်းပန်ပါတယ် ယွန်းဂီရာ
ငါမင်းနဲ့ကိုမပြောနဲ့ငါ့မိဘတွေကိုသွားမတွေ့ရသေးတာ"
"ဟင်းးမင်းကတော့လေ တကယ့်ကိုဂျောင်ထိပ်ထားစံ~"
"မင်းကလည်းကွာ~"
"ဒါနဲ့ နေပါအုံးအခုကရောငါ့ကိုလာတွေ့ရုံသက်သက်လား?ကိစ္စရှိလို့လား?"
"အာ ငါမင်းဆီကငါ့ကားလာယူတာ"
"ထင်ပါတယ် ကိစ္စတစ်ခုခုရှိလို့လာတာဘဲဖြစ်မှာပါလို့"
"ယွန်းဂီကလည်းကွာ ငါ့ကားလာယူရင်းမင်းကိုရောလာတွေ့တာပေါ့ကွ"
"ဟင်းးးယုံပေးလိုက်မယ် ဟေ့ယျောင်"
"ဟားဟား"