Part 12

193 26 14
                                    

ယွန်းဂီတစ်ယောက်ဂျောင်ကုအိမ်ကို‌ေရာက်တဲ့အခါမှာကားစက်ရပ်ကာဆင်းဖို့လုပ်တုန်း
အိမ်ရှေ့မှာဂျောင်ကုကတစ်စုံတစ်ယောက်နဲ့စကားပြောနေတာကိုတွေ့လိုက်ရသည်။သေချာကြည့်တော့မှဂျောင်ကုနဲ့ပြောနေတဲ့သူကပတ်ဂျီမင်းဖြစ်နေလေသည်။

"ဂျီမင်းက ဘယ်လိုလုပ်ဂျောင်ကုအိမ်ကို..."

ထိုစဉ်မှာပင်လှည့်ပြန်သွားဖို့လုပ်‌ေနတဲ့ဂျီမင်းကိုဂျောင်ကုကတစ်ခုခုပြောလိုက်သည့်ပုံပင်။ထို့နောက်ခဏကြာတော့ ကားပေါ်တက်ကာမောင်းထွက်သွားတဲ့ဂျီမင်းနဲ့အတူ
အိမ်ထဲကိုအမြန်ပြေးဝင်သွားတဲ့ဂျောင်ကုကြောင့် သူလည်းကားပေါ်ကအမြန်ဆင်းကာ
ဂျောင်ကုအိမ်‌ေရှ့အပြေးသွားမိ‌လေသည်။

"ဂျောင်ကု!!!ဂျောင်ကု!!ငါ ယွန်းဂီ!!တံခါးဖွင့်အုံး"

ထိုအခါတံခါးဖွင့်သံနဲ့အတူထွက်ပေါ်လာတဲ့ဂျောင်ကုရဲ့မျက်နှာကမျက်ရည်စတွေနဲ့ပြည့်နှက်နေလေသည်။

"ဂျောင်ကု~ဘာဖြစ်တာလဲ!မင်းငိုနေတာလား?ဘာလို့လဲ?ငါခုနကပတ်ဂျီမင်းနဲ့မင်းစကားပြောနေတာတွေ့လိုက်တယ်!သူမင်းကိုတစ်ခုခုပြောလိုက်လို့လား?ဟမ် ဂျောင်ကု ငါမေးနေတာဖြေလေ"

"ယွန်း~ဂီ.."

သူ့ကိုရုတ်တရက်ဖက်ကာမျက်နှာအပ်ငိုကြွေးနေတဲ့ဂျောင်ကုကြောင့် သူဂျောင်ကုကျောပြင်ကိုအသာအယာပုတ်ပြီးနှစ်သိမ့်ပေးနေလိုက်မိသည်။

"ဂျောင်ကု~ငါရှိတယ်~မင်းတို့နှစ်ယောက်လုံးအတွက်ငါအမြဲရှိနေပေးမှာမို့ အခုဘာတွေဖြစ်နေလဲဆိုတာငါ့ကိုပြောပြဂျောင်ကု~မင်းအကြောင်းပြချက်မရှိဘဲအခုလိုငိုမှာမဟုတ်ဘူး~မင်းအကြောင်းကိုငါသိတယ်~ဒါကြောင့် ပြော~ပတ်ဂျီမင်းမင်းကိုတစ်ခုခုပြောလိုက်တယ်မလား"

"ယွန်းဂီ~ဂျီမင်းက ငါ့ကို~ဂျင်နဲ့မပတ်သက်ဖို့
လာ..လာပြီးပြောသွားတယ်~ဂျင်က ဂျင်ကသူ့အပိုင်မို့ငါ့ကိုလုယူဖို့မကြိုးစားပါနဲ့တဲ့~
ငါလုယူဖို့မကြိုးစားပါဘူးယွန်းဂီရယ်~ငါတကယ်လုယူဖို့မကြိုးစားပါဘူး~ဂျင့်ကိုပိုင်ဆိုင်ခွင့်မရရင်တောင်ဒီတိုင်းလေး သူ့နားမှာသူငယ်ချင်းတစ်ယောက်အနေနဲ့ဘဲကပ်တွယ်ပြီးငါနေလို့မရဘူးလားယွန်းဂီရယ်~ငါဂျင့်အနားမှာဒီတိုင်းလေးရှိနေချင်မိရုံပါ~အဲ့လို အဲ့လိုတောင်ငါ့မှာနေခွင့်မရှိတော့ဘူးလား~ဟမ်~ယွန်းဂီ~ဘာလို့ ဘာလို့ငါ့ကို
ဂျင့်အနားမှာမရှိစေချင်နေရတာလဲ~ငါကဘာတွေများချို့ယွင်းနေလို့ဂျင့်အနားမှာမနေစေချင်နေရတာလဲ~ပြောစမ်းပါ ယွန်းဂီရယ်~ငါကအဲ့လောက်တောင်...ချို့ယွင်းချက်တွေများနေလို့လား.."

Secret Love 💔Where stories live. Discover now