မနက်မိုးလင်းခါစဖြစ်၍တိတ်ဆိတ်နေသေးသည့်ကြားမှ ဖုန်းမှထမြည်လာသောအသံကြောင့်မျိုးမင်းအောင်နှိုးလာသည်။ ပုံမှန်မနက်အိပ်ယာထလျှင်နှိုးစက်မပေးတတ်ပေမယ့်အလုပ်နဲ့ချိန်းထားတာရှိသောကြောင့်မနောက်ကျချင် သူဌေးဆီမှလည်းယုံကြည်မှုမပျက်စေချင်ပေ။ နှိုးစက်ကိုထပိတ်ကာမျက်နှစ်သစ်သွားတိုက်ပြီးရေပါတစ်ခါတည်းချိုးလိုက်သည်။ ရေချိုးခန်းထဲမှသဘက်တထည်တည်းသာပတ်ပြီးထွက်လာတာနှင့်အမျှမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မျိုးမင်းအောင်မျက်လုံးပင်ပြူးထွက်သွားရသည်။
"ဝေါင်းးးးးးးးကိုကြီး"
"လန့်တောင်လန့်တယ်ညီမလေးရယ်မှန်ကြည့်ပြီးပြီလား"
မျိုးမင်းအောင်သူ့အခန်းထဲမှမှန်ကိုလက်ညိုးထိုးပြပြီးပြောလာသောကြောင့်နှင်း၀တ်ရည်တစ်ချက်လှည့်ကြည့်ပြီးဆူပုတ်သွားသည်။ ဆံပင်ကဆုတ်ပွပွ သနပ်ခါးကပျက်လုနီးပါးနှင့်ဆူပုတ်နေသောမျက်နှာ ထိုအရာကို'မိန်းကလေးအလှအိပ်ရာထ'ဟုမည်သူကဆိုခဲ့သည်လဲဆိုတာကို မျိုးမင်းအောင်စိတ်ထဲတွေးမိလိုက်သည်။
"နှိုးပြီဆိုမျက်နှာသွားသစ်လေ...သွား..ကိုကြီးအ၀တ်စား၀တ်အုံးမယ်"
"နေပါအုံးကိုကြီး..sixpack ရှိတာညီမလေးကိုဘာလို့မပြောတာလဲ ဘယ်ကတည်းကလည်းဟင်.."
"ဟမ် ကိုကြီးရန်ကုန်မလာခင်ကလေ့ကျင့်ထားတာ ဦးဟန်နဲ့အလုပ်အကြောင်းပြောပြီးလိုအပ်မယ်ထင်လို့ပါ..ဒါနဲ့ကိုကြီးမှာ sixpack ရှိကြောင်းညီမလေးကိုဘာလို့ပြောရမှာလဲ ဘာလို့လဲ"
မျိုးမင်းအောင်အံဩသွားသည်။
"ညီမလေးသူငယ်ချင်းတစ်ယောက်လေသူ့ကောင်လေးမှာဆစ်ပတ်ရှိတယ်တဲ့ကြွားနေတာ ညီမလေးကိုလဲမေးတယ်နင့်အကိုမှာရောရှိလားတဲ့ အကိုလတ်မှာတော့ညီမလေးမြင်ဖူးတော့ရှိတယ်ပြောလိုက်တယ် ကိုကြီးမှာကတော့ ရှိလားမရှိလားမသိဘူး"
"အခုသိပြီးမလား ထူးထူးဆန်းဆန်းကြွားချင်တယ်ဆိုပဲကိုယ့်ညီမလေးက"
"အင်းပေါ့..ညီမလေးရဲ့အကိုနှစ်ယောက်စလုံးကအချောသက်သက်ပဲကို...ဪကိုကြီး..ညကထသွားတာလား"
YOU ARE READING
မေတ္တာဖြင့်လွှမ်းခြုံထားသော
Fantasyကျနော်ဖြိုးဖြိုးပေါ်တကယ့်စေသနာရင်းနဲ့ပြုစုစောင့်ရှောက်ပေးတာပါ သူ့အပေါ်ဘာမကောင်းတဲ့စိတ်မှမရှိပါဘူး မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးစီးပွားရေးသမားဦးဘုန်းထက်မြတ်၏တစ်ဦးတည်းသောသား ဖြိုးထက်ကို(ဖြိုးဖြိုး) နှင့် ဦးမျိုးကျော်စွာ+ဒေါ်ယမင်းအောင်တို့ရဲ့သားကြီး ...