Part 14

391 8 3
                                    

ဝေယံထွက်သွားပြီးနောက်အခုဟန်လေးကပါထွက်သွားတော့ကျန်နေခဲ့သူကသူသာဖြစ်တော့သည်။ ဟန်လေး၏စကားများကိုကြားပြီး‌နောက်မျိုးမင်းအောင်ကောင်းကောင်းကြီးနားလည်သိရှိသွားသည်ကဦးသီဟနိုင်၏စိတ်ဓာတ်ပင်ဖြစ်သည်။ အရမ်းလည်းရင်နာမိသလိုမုန်းလည်းမုန်းမိသည်။ ချစ်ရတဲ့ညီမလေးရောချစ်ရပါသောဖြိုးဖြိုးကိုပါ ထိပါးစော်ကားရုံသာမက သတ်ဖို့အထိအကြံကြီးသည့်ဦးသီဟနိုင်မဟုတ်ပါလား။ မျိုးမင်းအောင်သူ့ကိုမုန်းသည်။ ရွံသည်။
'ကောက်ကျစ်လိုက်တဲ့စိတ်ဓာတ်'

ဒေါသ မီးများမျက်လုံးပေါ်လာသည့်အလျောက်အေးမြလန်းဆန်းအောင်စွမ်းဆောင်ပေးနိုင်တဲ့လူတစ်ဦးကလည်းသူ့ထံသို့အသာအယာချင်းကပ်လာတော့စိတ်ကိုလျော့လိုက်ရသည်။ ထိုလူမှာဖြိုးထက်ကိုလေးဆိုတာကိုပြောစရာလိုမည်မထင်ပါ။

"ကိုမျိုးမင်း"

"ခင်ဗျာ အကို..ဖြိုးဖြိုး"

စကားမှားတော့မည်မို့မျက်စောင်းလေးတစ်ချက်ထိုးပြသည့်ကောင်လေးကပြုံးရွှင်ရွှင်မျက်နှာထားလေးနှင့်ပျော်ရွှင်နေသည့်ပုံပင်...

"ဗိုက်ပြည့်သွားပြီးကိုမျိုးမင်းနေ့လည်စာသွားစားလေဘာရပ်လုပ်နေတာလဲ"

"အင်း...ဖြိုးဖြိုးကအခေါ်အဝေါ်တွေပြောင်းလို့ပါလားဘယ်သူခေါ်ခိုင်းတာလဲ"

ဖြိုးထက်ကို၏စကားကိုပြန်ဖြေကာမျိးမင်းအောင်ကခပ်ဟဟရယ်ရင်းမေးတော့ထိုကောင်လေးကချက်ချင်းဖြေလာသည်။

"မဟုတ်ပါဘူး..ကိုကိုကကိုကြီးကိုအဲ့လိုခေါ်တာလေအဲ့ကြောင့်ဖြိုးလည်းလိုက်ခေါ်တာ..ဟီး"

"ဗိုက်ပြည့်သွားလို့အူမြူးနေတာပေါ့"

"အင်းပေါ့ ကျနော်အကြိုက်တွေကြီးပဲချက်ထားပေးတာကိုမမနဲ့ကြီးကြီးကိုဖြိုးအရမ်းချစ်တာပဲ"

"ဟုတ်လား"

"အင်း"

"ဖြိုးဖြိုး"

"အင်..ဗျာ ပြောလေ"

"ကိုယ်တစ်ခုလောက်မေးလို့ရမလား"

"မေးလေ"

"ကိုယ့်အိမ်ကိုလိုက်လည်ချင်လား"

မေတ္တာဖြင့်လွှမ်းခြုံထားသောWhere stories live. Discover now