Part 13

402 8 0
                                    

မှိတ်ထားတဲ့သူ့မျက်၀န်းပေါ်ကိုကျရောက်လာတဲ့နေရောင်ခြည်ရဲ့အပူရှိန်ကြောင့်ဖြိုးထက်ကိုမျက်လုံးများကိုဖွင့်မိသည်။ ကုတင်ဘေးမှနာရီကိုလှမ်းကြည့်တော့ မနက် ၁၁:၀၀ နာရီပင်ကျော်နေပြီ။ အနားမှာဘယ်သူမှမရှိတော့ကြောင်အအဖြစ်နေသည်။ အိပ်မပျော်ခင်ကငိုထားတဲ့အရှိန်ကြောင့်အဝေးတနေရာမှမှန်ချက်ကြီးများပေါ်တွင်မို့နေသောသူ့မျက်နှာလေးဖြိုးထက်ကိုတွေ့လိုက်ရသည်။ အတွေးထဲတွင်ဗလာနတ္ထိငေးကြည့်နေမိချိန်တံခါးဖွင့်သံတိုးတိုးကိုသူကြားလိုက်ရသည်။


"ဖြိုး"

အသံကနူးနူးညံ့ညံ့ဖြင့်သာယာသည်။ ညီငယ်ညီမငယ်ကိုလည်းထိုသို့သောအသံဖြင့်သာပြောသည်ကာမူယခုကာမတူနိုင်ပါ။

"ကိုကြီး"

"နိုးပြီးလားမျက်နှာသစ်မလားလန်းသွားအောင်"

"အင်"

အားဖျော့နေသောအသံကြောင့်အိပ်ချင်မူးတူးဖြစ်နေမှန်းမျိုးမင်းအောင်သိလိုက်ရသည်။ ထို့ကြောင့်ခပ်ပြုံးပြုံးဖြင့်အိပ်ယာပေါ်မှဆွဲထူပေးတော့ကောင်လေးကနှုတ်ခမ်းကိုရှေ့သို့ဆူပြလာသည်။ သူ့ကိုလှောင်ရကောင်းလားပေါ့…

"အိုး ဖြည်းဖြည်း"

ကုတင်ပေါ်ကအဆင်းခြေခေါက်တော့မည်ကြောင့်အမြန်ကောက်ထိန်းပေးလိုက်ပြီးစိုးရိမ်စကားကိုဆိုလိုက်သည်။

"ကိုယ်တွဲကိုင်ပေးမယ်လေလှဲနေအုံးမယ်"

"ကိုယ့်ပါကိုယ်လျှောက်မယ် ဖယ်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

ဒေါက်ဒေါက်ဒေါက်

ဖြိုးထက်ကိုသန့်စင်ခန်းထဲ၀င်သွားပြီးနောက်တံခါးခေါက်သံတခုထွက်ပေါ်လာသည်။ အပြေးလေးသွားဖွင့်ကြည့်တော့ကြီးကြီးကနေ့လည်စာတွက်အကိုလေးကိုလာခေါ်တာဟုပြောတော့သန့်စင်ခန်းထဲကထွက်လာလျှင်ခေါ်ခဲ့မယ်ဟုမျိုးမင်းအောင်ပြန်ပြောလိုက်သည်။ ထို့နောက်ကြီးကြီးကမျက်လုံးများပိတ်အောင်ပြုံး၍စကားဆိုလာသည်။

"အေးအေးအေး ပြီးရင်မောင်မျိုးမင်းခေါ်လာခဲ့ပေးနော်အကိုလေးကို...အမလေးကွယ်ကြီးကြီးတို့အကိုလေးကဘယ့်နှယ်မောင်မျိုးမင်းနဲ့ကျမှခင်တွယ်နေတယ်ကွယ်"

မေတ္တာဖြင့်လွှမ်းခြုံထားသောWhere stories live. Discover now