Part 6

512 13 0
                                    

ကိုယ့်ကိုယ်ပေါ်မှာရောက်နေတဲ့လူတစ်ယောက်ကြောင့်ဦးဟန်ရင်တွေတဒိတ်ဒိတ်တုန်လာကာမျက်နှာပေါ်တွင်လည်းမျက်ရည်များနှင့်နီမြန်းနေသည့်မျက်၀န်းတစ်စုံကိုဆိုက်ကြည့်နေမိသည်မှာအတန်ကြလှသည်။ ဘေးကသူရိန်ရဲ့အသံကိုကြားမှသတိပြန်ကပ်လာကာထထိုင်ဖို့မနည်းပင်ကြိုးစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသောဦးဘုန်းထက်မြတ်၏ကိုယ်သည်သူ့ပေါ်ပိနေသောကြောင့်ပင်ဖြစ်သည်။

"ဆရာအဆင်ပြေရဲ့လားဦးဟန်ရောရလားဗျ"

ကပျက်ကချော်နိုင်မှုကြောင့်ဆရာဒေါသထွက်မည်မှာအသေအချာပင် ထို့ကြောင့်ဆရာ့အားလက်မောင်းမှဆွဲထူကာဦးဟန်သည်တောင်းပန်စကားကိုပဲအဆက်မပျက်ဆိုနေတော့သည်။

"ဟို..ဆရာကျနော်တောင်းပန်ပါတယ်ဗျ နာသွားသေးလာဆရာကျနော်တကယ်တောင်းပန်ပါတယ်ဗျာ"

ဦးဘုန်းထက်မြတ်ဘာမှပြန်မဖြေပါထို့အပြင်မျက်စောင့်ဖြင့်သာတစ်ချက်ထိုး‌ပြလေ၏။ ထို့နောက်သူရိန့်အားထွက်သွားဖို့အော်ငေါက်လိုက်ရင်းအပေါ်ထပ်ကိုတတ်သွားလေသည်။ ဦးဘုန်းထက်မြတ်မသိလိုက်သည်မှာသူ့ရဲ့မျက်စောင်းရဲ့ရဲ့လေးတစ်ချက်ကြောင့်ဟန်မင်းနိုင်ရင်ထဲမည်မျှနာကျင်သွားရသည်ပင်ဖြစ်သည်။ ဆရာအပေါ်ထပ်သို့တတ်သွားသည်တစ်လျောက်ကိုလိုက်ကြည့်မိသည့်မျက်၀န်းတစုံသည်ဘေးကသူရိန့်ရဲ့မေးခွန်းကြောင့်မျက်နှာလွဲ၍ပြန်လှည့်ကြည့်လာလိုက်ရသည်။

"ဦးဟန်ကျနော်ဒါတွေကိုသန့်ရှင်းရေးလုပ်ပေးရမလား"

သူရိန်ကဦးဟန်ရှေ့မှပန်းအိုးအကွဲစများကိုလက်ညိုးထိုးကာမေးလာသည်။

"နေပါစေ အကိုကိုယ့်ပါကိုယ်လုပ်လိုက်မယ်"

"မဟုတ်တာဆရာ့လက်မှာ‌သွေးတွေနဲ့ အကိုသွားကြည့်လိုက်ပါဒါတွေကိုကျနော်အကုန်ရှင်းလိုက်ပါ့မယ်"

သူရိန့်စကားမှာမှန်သည်မို့ထပ်မငြင်းနေတော့ပဲခေါင်းသာငြမ့်ပြလိုက်ရသည်။ ဆရာ့လက်မှဒဏ်ရာအားဆေးထည့်ပေးရမည်ဖြစ်သောကြောင့်ဆိုဖာအနောက်ဘက်မှဗီရို၏အောက်ဆုံးတွင်ရှိသောဆေးဘူးကိုကောက်ယူကာအပေါ်ထပ်ကိုတတ်သွားဖို့အလုပ်တွင်တခုခုကိုသတိရသွာပုံဖြင့်သူရိန့်ထံလှမ်းပြောလာသည်။

မေတ္တာဖြင့်လွှမ်းခြုံထားသောWhere stories live. Discover now