Part 8

421 12 0
                                    

ဖုန်းမှ Alarm မြည်သံနှင့်အတူနှိုးလာခဲ့သည့်အချိန်မှာ ၆:၃၀ သာရှိသေးသည်။ သို့သော်အိပ်ယာမှထကာအပြင်ထွက်ခဲ့လိုက်ပြီးညီမလေးနှင်း၀တ်ရည်၏အခန်းကိုတစ်ချက်ခေါက်ကြည့်လိုက်ကာအသံပြန်မကြားရတာကြောင့်မနှိုးသေးကြောင်းသိလိုက်သည်။ ထို့နောက်ရဲရင့်အခန်းကိုသွားဖွင့်ကြည့်တော့ခရီးပန်းလာသည်ကြောင့်ဖြစ်မည်ထင်သည်ကိုးယို့ကားယားကြီးကိုအိပ်ပျော်နေသေးသည်။ မျိုးမင်းအောင်တစ်ချက်ပြုံးရင်းခေါင်းခါမိတော့သည်။ ထို့နောက်အခန်းထဲသို့ပြန်၀င်ကာရေမိုးချိုးသန့်စင်လိုက်တော့သည်။

အလုပ်သွားရမည့်ပထမဆုံးရက်မို့အနည်းငယ်စိတ်လှုပ်ရှားနေသည်။ ဖြိုးထက်ကိုဆိုတဲ့ထိုကောင်လေး၏မျက်နှာနှင့်နာမည်ကိုအတော်ရင်းနှီးနေပေမယ်ယနေ့မှာသူလေးကိုအပြင်၌အမှန်တကယ်မျက်နှာချင်းဆိုင်တွေ့ရမည်ဟူသောစိတ်တွေကသူ့ကိုပြာတိပြာယာဖြစ်စေသည်။ ငါအိမ်မက်မက်နေတာများလား...

ရေချိုးပြီးနောက်ဘုရားဆွမ်းတော်ကပ်ရန်ပြင်ဆင်ပြီးဘုရားပန်းများကိုရေအသစ်လည်ကာဘုရားကျောင်းပေါ်မှဖှုန်မှုန့်များကိုလည်းသုတ်ထုတ်ကာသန့်စင်လိုက်သည်။ ဘုရား၀တ်ပြုကာဆုတောင်းကန်တော့ပြီးဘုရားရှင်၏မျက်နှာတော်အားခေတ္တဖူးမျှော်‌‌ကာကိုယ်‌စောင့်နတ်နှင့်နတ်မြတ်နတ်ကောင်းများအားတစ်နေ့တာတွက်ကောင်းမွန်စွာစောင့်ရှောက်ပေးပါရန်စိတ်ထဲ၌ရွတ်ဆိုနေသည်။ ဘုရားတရားကိုအထူးတစ်လည်မလုပ်ရပေမယ့်မနက်တိုင်းဘုရားရှိခိုးပြီးမှအပြင်သွားလေ့ရှိပြီးညဆိုလည်းဘုရားတရာသံဃာမိဘဆရာကိုကန်တော့ပြီးမှအိပ်လေ့ရှိသည်။ အရက်သောက်လာမိသည့်အခါမျိုးပြဿနာဖြစ်လာတာမျိုးနှင့်အပြစ်ရှိသည်ဟုခံစားမိသည့်အခါ၌ဘုရားကျောင်းရှေ့တွင်မျိုးမင်းအောင်ကိုတွေ့ရတတ်သည်။

ဘုရားကျောင်းရှေ့မှထွက်လာတော့နှင်း၀တ်ရည်လည်းအခန်းထဲမှထွက်လာသည်။

"ကိုကြီး..အစောကြီး‌ထတာလား"

"မဟုတ်ပါဘူး..ကိုကြီးအခုမှဘုရားရှိခိုပြီးတာမျက်နှာသစ်ဘုရားဦးချပြီးအောက်ဆင်းလာခဲ့ကိုကြီးမနက်စာပြင်ထားပေးမယ်"

မေတ္တာဖြင့်လွှမ်းခြုံထားသောWhere stories live. Discover now