Chapter {1}

154 14 0
                                    

A shadow you don't know

Part (1)

'တကယ်ဆို ကိုကိုကကျွန်တော့်ဘဝအတွက်အရမ်းအရေးပါတယ်´

'.......´

နှုတ်ခမ်းနီကိုမသိမသာလေးဆိုထားသောမိန်းကလေးကသာမာန်မိန်းကလေးတွေထက်လှတာလက်ခံပေမယ့်သူ့ကိုမြင်ရတာစိတ်ထဲတွင်အဆင်မပြေပါ

'အမနဲ့ ကိုကို့ ကို မာမီကြီးကသဘောမတူဘူးဆိုတာသိတယ်မလား´

တစ်ဖက်ကမိန်းကလေးမှာ ပြောစရာစကားများပျောက်ရှနေပြီး လက်ကိုကျစ်နေအောင်ဆုပ်ကိုင်ထားသည်။

'တို့သိပါတယ် ချွမ်ရွေ့ကတို့ဘက်မှာရှိတာဘဲ အစစအရာရာအဆင်ပြေမှာပါ´

​အဲ့မိန်းကလေးကိုသူကြည့်နေသောမျက်လုံးများသည် မကောင်းဆိုးဝါးတစ်ကောင်အလားရှိသည်။
တစ်ဖက်မိန်းကလေးမှာလဲသူ့ကိုစက်ဆုပ်ရွံရှာဖွယ်ကြည့်နေသည်။

'အိမ်မှာက မာမီကြီးရဲ့အမိန့်ဘဲ
မာမီကြီးက မကြိုဆိုဘူးဆို အဲ့လူကအိမ်ရိပ်တောင်နင်းလို့မရဘူးတဲ့ ´

'တို့သိပြီးသားဘဲ´

'သိပြီးသားဆို ကိုကို့ ကိုအခက်အခဲဖြစ်အောင်မလုပ်နဲ့ပေါ့ဗျာ´

'မင်းကသူနဲ့ဘာများဆိုင်လို့ ဝင်ရောက်ပြောဆိုနေတာလည်း ´

'ဆိုင်တော့မှာ´

'မင်းက ချွမ်ရွေ့တို့အိမ်ကအလုပ်သမားဦးလေးကြီးရဲ့စကားမပြောနိုင်တဲ့သားမလား´

'အဟုတ်ဘဲ´

'အိုးးးး  မင်းစကားတွေပြောနေနိုင်တာဘဲ´

'ဟုတ်တယ်လေ´

'စကားမပြောနိုင်ပုံ  ဘာလို့ဟန်ဆောင်နေတာလဲ ဘာလို့လဲအလုပ်တန်းလျားကအိပ်ရာကမကောင်းလို့လား´

အဲ့မိန်းမပြောသောစကားတွေကအမှန်ပင်ဖြစ်ပြီးလူကိုသိမ်ငယ်စေသည်။

'အင်းအဲ့အလုပ်တန်းလျားက ကောင်လေးက ချွမ်ရွေ့ယောကျာ်းဖြစ်တော့မှာ´

နားလည်ရခက်တဲ့မျက်ဝန်းတွေနဲ့သူ့ကိုကြည့်လာချိန်မှာတော့ထယ်ရယ်ဟာအောင်နိုင်သူတစ်ယောက်လိုပြုံးလိုက်သည်။
ရာသီဥတုပူသည်ဟုအကြောင်းပြကာ ထယ်ရယ် အင်္ကျီကြယ်သီးနှစ်လုံးလောက်ကိုဟကာ တမင်ဖန်တီးထားသောအမှတ်အသားတစ်ချို့တို့ကိုသူမအားမြင်စေသည်။

A shadow you don't knowWhere stories live. Discover now