{Chapter 5}

120 21 4
                                    

Part (5)

'ပျော်လားထယ်ရယ်´

အပေါ်ထပ်coat အမည်းကိုလာထပ်ပေးရင်းအီဂျောင်ကမေးလာသည်။

'ငါ့ဘက်ကကြည့်ရင်တော့ပျော်စရာကောင်းပါတယ် ငါတစ်ဖက်သတ်ချစ်ရတဲ့သူနဲ့လက်ထပ်ရတာ လေ
အကို့ဘက်ကကြည့်ရင်တော့အဆင်မပြေလောက်ဘူးမချစ်မနှစ်သက်တဲ့သူကို´

'အဆင်ပြေသွားမှာပါ´

(ဒေါက်ဒေါက်)

တံခါးခေါက်အသံအဆုံးမှာ  အဖြူရောင် Suit ဝတ်ထားတဲ့ဒီနေ့ရဲ့သတို့သားအကိုကရောက်လာသည်။

'ခနနေ ခန်းမထဲဝင်ရတော့မယ်ထင်
တယ်´

'ဟုတ်´

'မနမ်းချင်ဘူး´

'ဗျာ´

တည့်တိုးဆန်တဲ့စကားကိုပြောလိုက်တဲ့ကိုကို့ကြောင့်ထယ်ရယ်ကြောင်အ သွားရသည်။

'ဒီကောင်ကတော့ မင်္ဂလာဆောင်ပါတယ်ဆိုမှ မနမ်းလို့ရမလား´

'ငါမှစိတ်ထဲကမပါတာတွေမလုပ်တတ်တာ အီဂျောင်´

'ဒါဆို ဖာသာကိုကျနော်ပြောလိုက်ရမလား´

သူတို့၃ယောက်ရဲ့အသံကိုကျော်ပြီး တံခါးနားကထွက်လာတဲ့အသံ ။
နောက်ကျောပေးထားတဲ့ချွမ်ရွေ့ကလှည့်ကြည့်လိုက်ပြီး အစောကအလိုမကျလို့
တွန့်ချိုးထားတဲ့မျက်ခုံးတွေက ပြေလျော့သွားပြီးအားရပါးရပြေးဖက်သည်။

'ချန်ချန်´

'ဟုတ်ကဲ့ ဟန်ဝေ့ချန်ပါခင်ဗျ´

'ဘယ်လိုရောက်လာတာလဲ´

'မရောက်ရောက် အောင်လာရမှာပေါ့ ဗျာ
ဟေး ထယ်ရယ်ပျော်နေပြီမလား´

ပြုံးစစနဲ့ ချန်ချန်က လှမ်းမေးတော့ ထယ်ရယ်အနည်းငယ်ပြုံးပြလိုက်သည်။
ချန်ချန်က ထယ်ရယ့် ထက် ၂နှစ်ငယ်ပေ
မယ့်တစ်ဦးတည်းသောသူငယ်ချင်းဖြစ်တဲ့ ထယ်ရယ့်ကို ထယ်ရယ်လို့သာခေါ်သည်။
ထယ်ရယ် မူလတန်းအရွယ်မှာ ချန်ချန်ကိုစတွေ့ခဲ့တာဖြစ်သည်။
ထယ်ရယ်တစ်ယောက်တည်းဆော့နေတဲ့အချိန်မှာ
ချန်ချန်ကရောက်လာကာ

'အဲ့တာက ကိုကိုချွမ်ရွေ့ အရုပ်မလား´

လက်တစ်ဖက်ပြုတ်လုနီးပါးဖြစ်နေတဲ့ ဝက်ဝံရုပ်လေးကို လက်ညိုးထိုးရင်းမေးလာတဲ့ထိုကောင်လေးကို ထယ်ရယ်ကြည့်လိုက်သည်။

A shadow you don't knowWhere stories live. Discover now