{Chapter 6}

134 19 0
                                    


Part (6)

'ဘယ်ကိုသွားမှာလဲ ငါမေးတာကိုအရင်ဖြေ´

အကို့ရဲ့လက်ကိုပုတ်ချပြီး အခန်းထဲဝင်ဖို့ပြင်နေတဲ့သူ့ကို လက်ကနေပြန်ဆွဲထားသည်။

'ဘာဖြေရမှာလဲ ပြောစရာဘာမှမရှိဘူး အကိုလည်း အကို ချစ်တဲ့သူနဲ့ ပျော်တာ ဘဲ ကျနော်လဲ ကျနော်ချစ်တဲ့ သူနဲ့ပျော်တာဘာဖြစ်လဲ´

'ချစ်တဲ့သူဟုတ်လား´

'ဟုတ်တယ်လေ ဘာဖြစ်လဲ´

ချွမ်ရွေ့က မယုံကြည်နိုင်ခြင်းများစွာနဲ့ ခေါင်းကဆံပင်တွေကို ထိုးဖွလိုက်တယ်။

'အေး ဘယ်လိုဘဲ ရှိပါစေဦးတော့
မင်္ဂလာဆောင်တဲ့ အချိန်ကတည်းက ငါလည်း ဟန်နာ နဲ့ အဆက်အသွယ်ဖြတ်ထားခဲ့တာ မင်းကိုမလေးစားသလိုဖြစ်မှာဆိုးလို့ကွ´

အကို့စကားအဆုံးမှာ ဟန်ဘင်းဆီက ဖုန်းလာမို့ ထယ်ရယ်က ဆွဲလုလိုက်သည်။

'အကို ထယ်ရယ့်ကို လာခေါ်´

'အယ် ညီလေး ကိုကြီး အပြင်....´

ရုတ်တရက်ဆန်စွာအကိုက ဖုန်းကိုယူပြီးချပစ်လိုက်သည်။

'မင်းက စောက်ဂရုမစိုက်တာလားငါ့ကို ´

'ဟုတ်တယ် ဂရုမစိုက်ဘူး အကို ဘာဖြစ်လဲ´

'မင်းကွာငါရူးတော့မယ်´

'ကျနော်က အကို့ထက်ပိုရူးချင်တယ်´

ပြောပြီးပြီး ချင်း ကြမ်းပြင်ပေါ်စောင့်ကြောင့်ထိုင်ချကာ ငိုလေသည်။

'အကိုက ထင်တဲ့အထင်နဲ့ဘဲ ဆုံးဖြတ်မနေနဲ့
အကိုဟန်ဘင်းဆက်တာဘယ်သူ့ဖုန်းလဲ´

'မင်းရဲ့ဖုန်း´

'ဘာလို့အကို့အိပ်ရာဘေးရောက်နေတာလဲ´

'.......´

'ကျနော်ဝတ်ထားတာ ဘယ်သူ့ shirt လဲ
အကို ညက ဆိုဂျူ ဘယ်နှဗူး ကုန်လဲ ..
ကျနော်ညက ဘယ်ချိန်ပြန်ရောက်လဲ´

ထယ်ရယ် ပြောနေတဲ့စကားအား သူကြားတစ်ချက်မကြားတစ်ချက်
ခေါင်းတွေ လည်ထွက်နေအောင် မူးနေရသည်။

သူက ဒီကလေးလေး အပေါ်မှာ ကျူးလွန်မိခဲ့တာလား။

သူကလေ ဒီလို ကလေးလေး အပေါ်မှာ အများမျိုးလုပ်ခဲ့တာ လား

You've reached the end of published parts.

⏰ Last updated: Oct 31, 2023 ⏰

Add this story to your Library to get notified about new parts!

A shadow you don't knowWhere stories live. Discover now