{Chapter 3}

107 15 0
                                    

Part (3)

ထယ်ရယ်ဒီနေ့ အဲ့အိမ်ကိုသွားရတာတက်ကြွနေမိသည်။
အရင်ရက်တွေနဲ့မတူအဲ့အိမ်ကိုရောက်ချင်လှသည်။
တစ်ခါမှစကားအကောင်းမပြောတဲ့သူကခေါ်ခိုင်းလိုက်တာတဲ့လေ။
သူ့ကိုဆိုအမြဲ အော်ဟစ်နေတဲ့ကိုကို ဘာကိစ္စရှိလို့ခေါ်ခိုင်းရတာပါလိမ့်။
စိတ်လှုပ်ရှားမှု နှင့်အတူ စက်ဘီးကိုပိုအားထည့်ကာနင်းနေတဲ့ 11 နှစ်သားလေးထယ်ရယ် က ကိုကိုကအခုလာဆိုလာရမြဲပင်။
အိမ်ထဲကိုဝင်ဖို့ပြင်တော့မြင်လိုက်ရတဲ့အမျိုးသမီးကြောင့် တက်ကြွနေတဲ့ခြေလှမ်းတို့ ဟာတုံ့ဆိုင်းသွားသည်။
ကိုကိုဘာကြောင့်ခေါ်ခိုင်းလိုက်လည်းသေချာသဘောပေါက်သိသွားပြီဖြစ်သည်။
မာမီကြီးလည်းရောက်နေတာကို
ကိုကို့ဆီမှ လာလေ ဆိုသောစကားကြားရတာဒီတစ်ခါတော့မပျော်မိပါ။ကိုကိုနှင့်မာမီကြီးဆုံရင် ထယ်ရယ့်ကိုပြောသောစကားများသည်မျက်ရည်ပေါက်ကြီးငယကျစေသည်။
မာမီကြီးကအိမ်ကိုလာတာမကြိုက်တာမို့အိမ်ပေါက်ဝမှာရပ်နေမိသည်ကအကြာကြီး။

'မင်းကို ဝင်ခဲ့လို့ပြောနေတာလေ မကြားဘူးလား´
'ဟုတ်ကဲ့ ကြားပါတယ်´
'အေးကြားရင်လာ´
'ဟုတ်´

မာမီကြီးရဲ့ရှေ့တည့်တည့်က ကိုကို့ဘေးမှာမတ်တတ်ရပ်လိုက်တော့ကိုကိုက ပြုံးပြလာသည်။ အဲ့အပြုံးတွေကိုထယ်ရယ်ကြောက်သည်။

'မင်းအဖေဆီက ဖုန်းလာလို့တဲ့ သွားပြောဦးလေ´

ဖေဖေ့ဆီကဖုန်းဆိုသောစကားကို ထယ်ရယ်ဝမ်းနည်းဝမ်းသာဖြစ်ရပါသည်။
မေမေဆုံးပြီးတဲ့ ၅ နှစ်အတွင်းမှာ ဖေဖေ့ဆီက ဒုတိယကြိမ်မြောက်လာတဲ့ဖုန်းပင်ဖြစ်သည်။
ထယ်််ရယ်ကအခု ကိုကိုတို့ပေးထားတဲ့အလုပ်တန်းလျားမှာ ကိုကို့ အိမ်က Driver ဦးလေးကြီးနဲ့အတူတူနေခြင်းပင်ဖြစ်သည်။

'ဟယ်လိုဖေဖေ´
'သားနေကောင်းရဲ့လား´
'သားနေကောင်းပါတယ်ဖေဖေ
ဖေဖေရော´

'ဖေဖေ နေကောင်းပါတယ်´
'ဘယ်တော့ပြန်လာမလဲဟင်ဖေဖေက´
'ပြန်လာတော့မှာပါကလေးရယ်´
'ဟုတ်ကဲ့ဖေဖေ´
'အေး ကျန်းမာရေးဂရုစိုက်သား´
'ဟုတ်ကဲ့ဖေဖေ အဲ့တာဆိုဒါဘဲနော်´

ဖေဖေနဲ့ဆိုသူတို့ကဖုန်းပြောတာကိုမကြိုက်သည့်အတွက်မြန်မြန်ပြောကာချရသည်။
လေလှိုင်းထဲမှာဖေဖေ့အသံမကြားရတော့တဲ့
အခါကျမှဖုန်းကိုအသာချကာအိမ်ခန်းထဲကထွက်ခဲ့သည်။
ပြန်ထွက်လာတဲ့အချိန်တွေမှာတော့သူဟာအစောကနဲ့မတူစွာခြေလှမ်းတွေကထိုင်းမှိုင်းနေခဲ့သည်။

A shadow you don't knowWhere stories live. Discover now