{ Chapter 4 }

118 17 0
                                    

Part (4)

'ထယ်ရယ် ဘာဖြစ်လို့မပြေးတာလဲ ဒီလောက်ရန်တွေဖြစ်နေတာကို´

ပြေးလာရလို့ ချွေးတွေထွက်နေတဲ့ကိုကိုကမောဟိုက်နေတဲ့အသံနဲ့ ထယ်ရယ့်ကို ဆူလေသည်။
ထယ်ရယ်အနည်းငယ်ပြုံးပြလိုက်သည်။
ကိုကို လာခေါ်မယ်ဆိုတာ သိနေလို့ပေါ့လို့။

'လာလေမသွားဘူးလား´

ဟီးကနဲရယ်ပြရင်း လက်ကိုလာတွဲတဲ့ ၅ နှစ်အရွယ်ဒီကောင်လေးကို  ချွမ်ရွေ့သံယောဇဥ်တွယ်မိနေပါပြီ။
သူ့ကိုတော့ဖြင့်အိမ်ကအလုပ်သမားလို့မခံစားမိပါဘူးနော်။
ချွမ်ရွေ့က လက်တစ်ဖက်မှာ ထယ်ရယ့်လွယ်အိတ်သေးသေးလေးကို ကိုင်ပြီး
လွတ်နေတဲ့နောက်တစ်ဖက်ကိုတော့ထယ်ရယ်ကဆုပ်ကိုင်ထားသည်။

'ကိုကို ဘာလို့ပြေးလာတာလဲ´
'ကိုကိုက ထယ်ရယ့်ကိုစိတ်ပူလို့ပေါ့´
'ဒါမယ့်ကိုကိုက မောသွားပြီလေ ရော့´

လက်ကိုင်ပုဝါအဝါလေးကိုသူ့ရှေ့ကိုထိုးပေးရင်းစိိတ်ပူနေတဲ့ကလေးကချစ်စရာ။

'ဒါနဲ့ကိုကို မူလတန်းဆောင်နဲ့ အလယ်တန်းဆောင်က ဒီလောက်ကြီးဝေးတယ်မလား´

သူ့လက်သေးသေးနဲ့ ရသလောက်ဆန့်ထုတ်ပြနေတော့ ချွမ်ရွေ့က  အူယားစွာခေါင်းကိုဆွဲဖွမိသည်။

'ဆံပင်ကိုမလုပ်ပါနဲ့ဆို´
'အံမယ်မင်းကလှချင်နေတာပေါ့´
'မဟုတ်ပါဘူး´

ကိုကို့အဝတ်ဗီရိုကို ရှင်းရင်း မူလတန်းလောက်တုန်းကသူပေးခဲ့တဲ့လက်ကိုင်ပုဝါလေးကို ကိုကိုကအခုထိသိမ်းထားတာတွေ့ရတော့ဝမ်းသာပါတယ်။
.......

'ထယ်ရယ် ထယ်ရယ် ထယ်ထယ်ရယ်ရယ်´
'ဘယ်သူတုန်းစောစောစီးစီး´
'ငါ ငါ မင်းအမျိုးသားအီဂျောင်ဟွန်း´
'ပါးစပ်မသရမ်းနဲ့´

ကိုကို့ ကို မနက်စာပြင်ပေးရင်း
သူငယ်ချင်းဖြစ်သူကိုဆဲရေးဆိုရသည်။
ကိုကို့မျက်နှာကတော့အမြဲတည်တင်းနေသည်ဘဲ
ဘာကိုမှအလိုမကျတာ ကိုကို့ရဲ့ ဗီဇလားမသိဘူး။

'ချွမ်ရွေ့ မင်းမေမေမှာလိုက်တယ်´
'ဘာတဲ့လဲ´
'နောင်တစ်ပတ်ထဲ မင်္ဂလာပွဲလုပ်ဖို့ စီစဥ်ထားတယ်တဲ့´
'ဘာ´

A shadow you don't knowWhere stories live. Discover now