{ Chapter 2 }

104 15 0
                                    

Part (2)

သတိပြန်လည်တဲ့အချိန်မှာ တော့ ထယ်ရယ်က အိမ်ထဲကိုရောက်နေခဲ့ပြီဖြစ်သည်။
ကုတင်ပေါ်မှာ အိပ်နေရင်း မကြာသေးခင်ကမှဖြစ်ပျက်ခဲ့သောအဖြစ်အပျက်အားပြန်တွေးကြည့်တော့ မျက်ရည်များကဝဲလာရသည်။
ငယ်ငယ်ထဲကသူ့ကိုအနိုင်ယူတဲ့ချွမ်ရွေ့ကိုသူမချစ်ရတော့ဘူး။
သူချစ်လို့မရတော့ဘူး၊ သူချစ်လို့ချွမ်ရွေ့ကသူ့ကိုယ်သူထိခိုက်နာကျင်အောင်လုပ်တာ  မဟုတ်သေးဘူး သေမယ်လို့ဆုံးဖြတ်တာ။
ဘုရား ဘုရား ကင်မ်ထယ်ရယ်ရဲ့ အချစ်တွေက ကြောက်ဖို့ကောင်းပုံများ တစ်ပါးသူအသက်သေဆုံးရမလိုဖြစ်တဲ့အထိ။
အခြားသူ၂ယောက်ရဲ့ချစ်ခြင်းတွေကို ခွဲပြစ်တဲ့ ထယ်ရယ်က အများအမြင်မှာ ရွံရှာစရာ ဗီလိန်တစ်ယောက်ဖြစ်နေပေမယ့်
လက်တွေ့ဘဝမှာတော့ ထယ်ရယ်က သနားစရာဗီလိန်တစ်ယောက်။
ချွမ်ရွေ့အနားမှာ တစ်သက်လုံး အနိုင်ယူလာသမျှကို သည်းခံကာနေလာခဲ့တာ ဘာဖြစ်လို့လဲဆိုတာမသိလေရောလား လို့တွေးမိပြန်တော့လည်း ဒီထက်စောစောမသိခဲ့တာကောင်းပါတယ်လေ။
သူစကားစပြီးမပြောနိုင်တော့ပါဘူးလို့ဆိုကတည်းကအရင်ကလိုမဟုတ်ဘဲ ဂရုတစိုက်ရှိလာပေးခဲ့တာ ဒီနေ့မရောက်ခင်အထိ။
ချွမ်ရွေ့ ကောင်မလေးရပြီးတဲ့နောက်မှာတော့ သူ့စိတ်မှာ ယုတ်ကန်းတဲ့စိတ်များဝင်လာကာ သူ့ကိုလက်ထပ်တဲ့အဖြစ်အထိရောက်သည်အထိ။တစ်ပါးသူဘက်ကိုမတွေ့ပေးခဲ့ပုံများ။
ချွမ်ရွေ့ဘယ်လောက်တောင်မှအဆင်မပြေဖြစ်နေခဲ့မလဲ။
ထယ်ရယ်ဟာ စိတ်မွန်းကြပ်မှုနဲ့အတူ
အာခေါင်များခြောက်လာတာမို့မျက်နှာသစ်ဖို့ထလိုက်သည်။
ဒီလိုဖြစ်လာတဲ့အခါမှာတော့သူဒီအိမ်မှာမနေချင်တော့ပါ။
ဒါပေမယ့်လည်းသူဒီကထွက်ခွါဖို့်ချွမ်ရွေ့ရဲ့အမိန့်မရသေးပါ။
အကယ်၍ ချွမ်ရွေ့ဟာ သူ့မိန်းကလေးနဲ့သူ့ရှေ့မှာပျော်ပျော်ရွှင်ရွှင်နေပြတဲ့အခါမှာ ထယ်ရယ်ဘာလုပ်ရမလဲ
ထယ်ရယ်က ဗီလိန်တစ်ယောက်အဖြစ်ခံပြီးထပ်ပြီးတော့လိုက်နှောက်ယှက်နေရမှာလား ဒါမှမဟုတ်ခွင့်လွှတ်ပေးထားရမလားဆိုတာ
ထယ်ရယ်စိတ်မှာဒွိဟဖြစ်လို့နေသည်။
အရင်လိုအဆင်တပြေရှိတော့မှာမဟုတ်တာကိုသိတာမလို့ရောက်ရှိလာရမယ့်နာကျင်ခြင်းတွေကိုထယ်ရယ်ကခံနိုင်ရည်ရှိဖို့လိုမယ်။
ကိုယ့်စကားကိုတာဝန်ယူစွာနောက်ထပ်တစ်ကြိမ် ထပ်မံ၍ ထယ်ရယ်ရဲ့အချစ်တွေကို ချွမ်ရွေ့အားထုတ်မပြတော့ပါ။

A shadow you don't knowWhere stories live. Discover now