2.

191 32 0
                                    

"ဘယ်လိုပဲ ဖြစ်ဖြစ်
မင်း သူနဲ့ ဝေးဝေးနေသင့်တယ်.."

ရောက်ရာအရပ်မှာ
မိတ်ဆွေဖွဲ့တတ်လွန်းတဲ့ ဖန်ရှင်းက
အပေါင်းအသင်းများသလို
နယ်ပယ်လည်းစုံသည်..။

ရိပေါ်ကတော့ ဖန်ရှင်းနဲ့
ဆန့်ကျင်ဘက်မို့ သူ့အလုပ် ကလွဲရင်
ကျန်တဲ့အချိန် ဘားရှိ လူအကုန်တောင်
သူ့ဘက်ကစပြီး စကားပြောမိသူမှာ
အင်မတန်ရှားပါသည်..။

သူ ဟန်မပျက် ထိုးသွပ်စားနေတဲ့
ခေါက်ဆွဲဟင်းရည်က
ဒီနေ့အခါမှ တကယ်ကို ငံလွန်းသည်..။

"ရိပေါ်..ငါ ပြောနေတာ ကြားလား.."

နောက်ဆုံးလက်ကျန် ခေါက်ဆွဲရည်တွေကို မော့သောက်လိုက်ပြီးနောက်
ရိပေါ် က အေးစက်စက်ပြန်ဖြေသည်..။

"မကြားရအောင် မင်းနဲ့ငါက
ဘယ်လောက်များ ဝေးနေလို့လဲ.."

ပြောပြီးတဲ့နောက် ထထွက်သွားတဲ့
ရိပေါ်ရဲ့နောက်ကျောကို ကြည့်လို့
ဖန်ရှင်း သက်ပြင်းကို အနိုင်နိုင်ချသည်..။

"ငါ ထင်နေသလို
မဟုတ်လောက်ဘူးမလား..
မဟုတ်နိုင်ပါဘူး.."

ဖန်ရှင်းမသိခဲ့သည်မှာ
သူထင်ထားတာထက် အများကြီး
ခရီးရောက်နှင့်ခဲ့ပြီ ဆိုတာပါပဲ...။

ရိပေါ်တို့ ဘားတစ်ခုလုံးမှာ
လူစုံတဲ့အခါတိုင်း
ပြောစမှတ်တွင်တာ တစ်ခုရှိပါသည် ..။

ဖန်ရှင်း မှန်းရင် အမြဲတမ်း လွဲတယ်.. တဲ့

ဒီတစ်ခါမှာတော့
အားလုံးလွဲတဲ့ဘက်ကပေါ့..။

...

ရိပေါ်တို့အလုပ်သိမ်းချိန်သည်
အမြဲလိုလို ညဉ့်နက်လေသည်..။

ရိပေါ်နဲ့ဖန်ရှင်းအတွက်တော့
အလုပ်နှင့်အိမ်သည်
အတူတူသာဖြစ်သည်..။

သိတတ်စအရွယ်မှာတည်းက
မိဘမဲ့ကျောင်းရောက်နှင့်သော
ရိပေါ်သည် စကားလည်းနည်းသလို
အပေါင်းအသင်းလည်း
ရှားပါးလေသည်..။

သို့ပါသောကြောင့်
ရောက်လေရာမှာ ပျော်နေတတ်သော
ရွက်ကျပင်ပေါက်ကလေးဖန်ရှင်းနှင့်ကျမှ
ဆူရင်းဆဲရင်း
အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်ရသည်...။

လက်ရှိတွင်တော့
နှစ်ကောင်ကြွက်ဖြစ်သော
သူတို့ နှစ်ဦးကို ဘားပိုင်ရှင်က
ဘားရဲ့အပေါ်ဆုံး ထပ်ခိုးခန်းလေး၌
နေခွင့်ပြုထားလေသည်.. ။

...

"အချစ်ကို ယုံလား.."

"ယုံတာပေါ့..
ဒီကမ္ဘာမှာ ချစ်ခြင်းမေတ္တာတွေ
ဒီလောက် ပေါများတာ..
သေချာပေါက် ယုံတာပေါ့.."

"ဒါဆို ကိုယ့်ကိုရော.."

"Zzzzzzzzzz.."

အတွေးထဲ ဝဲလည်နေတဲ့ရိပေါ်ကို
ဖန်ရှင်းဟောက်သံက အကျအန
ဒုက္ခပေးလေသည်...။

"ဒီကောင်..."

ကလေးဘဝတုန်းက
ဒီလောက် မဟောက်တတ်ခဲ့ပေမဲ့
ဘယ်အချိန်က စဟောက်တတ်လာမှန်း
ရိပေါ်လည်း မသိရ..။
သေချာတာတော့ နှစ်ချီလာလည်း
ဒီဟောက်သံကြီးကို ဘယ်လိုမှ
နားမယဉ်နိုင်တာပဲ ဖြစ်သည်..။

ရိပေါ် တစ်ယောက်
အခန်းထဲရှိ တစ်ခုတည်းသော
ပြတင်းပေါက်တံခါးကို
တွန်းဖွင့်လိုက်ပြီးနောက်
ဆေးလိပ်ဖွာဖို့ဟန်ပြင်သည်..။

ဆိုင်ရှေ့ လမ်းတစ်လျှောက်မှာ
လမ်းမီးတိုင် တစ်ချို့ လင်းလို့နေသည်..။

ဆိုင်နဲ့ မလှမ်းမကမ်း
တစ်ခုသော လမ်းမီးတိုင်အောက်၌
ကားတစ်စီး ရှိသည်..။

နောက်တော့ သူ့အကြည့်အောက်မှာပဲ
ကားက ထွက်ခွာလို့သွားသည်..။

ရိပေါ် သက်ပြင်းကို ခပ်သဲ့သဲ့ချရင်း
ဆေးလိပ်ကို ရှိုက်ဖွာလိုက်သည်..။
ထွက်ပေါ်လာသော ဆေးလိပ်ငွေ့များကြား
အလွတ်ရနေသော ပုံရိပ်ကို
မမှီမကမ်းနဲ့ လှမ်းဆုပ်ချင်မိပြန်သည်..။

လှေကားထိပ်က ပေါင်မုန့်ဆိုင်Место, где живут истории. Откройте их для себя