ဆိုင်ရှေ့စားပွဲခုံမှာ
တိတ်တဆိတ် ဝင်ထိုင်လိုက်တဲ့
အအိုအိကြောင့်
သူ နံရံကပ်နာရီဆီ
လှည့်ကြည့်မိသည်..။"အအိုအိ ကျောင်းပြေးပြန်တာလား.."
မော်ကြည့်မလာပဲ
ခေါင်းသာ တစ်ချက်ဆတ်ပြတဲ့
အအိုအိကြောင့်
သူ့ မျက်ခုံးတစ်ဖက်
မြင့်တက်လို့သွားသည်..။ဖွားမဲ့ ချစ်စနိုးခေါ်နေကျ
ငှက်ပြာမလေးဆိုသည့် အအိုအိသည်
တကယ်သာ ငှက်ဖြစ်မည်ဆိုလျှင်
ကျီကျီကျာကျာနှင့် စကားအလွန်များသော စာကလေးအနွယ်ဝင်သာ
ဖြစ်ပေလိမ့်မည်..။ထိုသို့သော အအိုအိက
အသံတိတ်နေပုံမှာ ကြုံတောင့်ကြုံခဲပင်..။သူကမ်းပေးလာသော သကြားခဲဘူးကို
လက်ကမ်းယူရင်း အအိုအိတစ်ယောက်
ရယ်မြူးရိပ်သန်းလာလေသည်..။"အံမယ်.. ဘူးအပြည့်
ပြန်ဖြည့်ထားတာပါလား..
ဘယ်အချိန် မြို့ထဲသွားလိုက်လို့
ဝယ်လာတာလဲ.."ဖန်ဘူးထဲမှ သကြားခဲလေးများသည်
အအိုအိ အလစ်သုတ် နှိုက်စားနေကျ
အဖြူရောင်ခဲလေးများ မဟုတ်..။
ယခုအခါမှာတော့
အရောင်စုံလေးများ ဖြစ်လို့နေသည်..။"စိတ်ညစ်ရင် အချိုများများစားပေးရတယ်တဲ့.."
ပြောရင်းနဲ့မှ အအိုအိရဲ့ လက်ချောင်းရှည်တွေက ဖန်ပုလင်းထဲ
မွှေနှောက်နေပြန်သည် ..။"ပန်းရောင်လေး စားရကောင်းမလား..
အပြာရောင်လေး စားရကောင်းမလား.."ပြီးခဲ့သည့်မိနစ်ပိုင်းကမှ
ဘာရယ်ကြောင့်မသိ
မှိုင်တွေနေခဲ့သော အအိုအိသည်
ယခုအခါမှာတော့
သကြားခဲတစ်ဘူးနှင့်
ဗျာများလို့နေပြန်သည်..။ဆယ်ကျော်သက်အရွယ်မှာ
သစ်ရွက်လှုပ်တာက အစ
ရယ်မောတတ်ကြသည်တဲ့..။
သည်လိုသာဆို
အအိုအိကတော့ သစ်ကိုင်းခိုစီးရင်း
ရယ်နေမည် ထင်ရသည်..။"ဒါနဲ့.."
"သိမ်းခိုင်းထားတဲ့စာအုပ်တွေ ပြန်ပေးဦး"
စာအုပ်တွေ လက်ထဲမရောက်မီ
အအိုအိက ထုံးစံအရ
လက်ဖဝါးတစ်ဖက်မြှောက်၍
စကားတစ်ခွန်းကို
ခပ်မြန်မြန် ကျိန်ဆိုလိုက်သည်..။

BẠN ĐANG ĐỌC
လှေကားထိပ်က ပေါင်မုန့်ဆိုင်
Truyện Ngắnကျေးဇူးပြုပြီး ငါ့မျက်ဝန်းတွေထဲက မင်းကို နှုတ်ဆက်လိုက်ပါဦး.. ပြန်တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်လို့လေ..။