သူ ချိန်ရွယ်ထားတဲ့ ပစ်ကွင်းထဲမှာ..
သူ အချိန်ပြည့်ငေးမောချင်ခဲ့တဲ့
မျက်ဝန်းကွေးတွေ..ရယ်မြူးရိပ်မရှိတဲ့ မျက်ဝန်းတွေက
စိတ်ရှုပ်ထွေးမှုကြောင့်ထင်..
မှိုင်းညှို့လို့နေသည်..။တွေဝေမှုနဲ့အတူ
သူ အရာရာ တုံ့ဆိုင်းနေမိသည်..။နောက်တော့ သူ့မြင်ကွင်းထဲ
ဖန်ရှင်းက အမှတ်မထင်
ဝင်ရောက်လာသည်။အကိုနဲ့ မလှမ်းမကမ်းအနေအထားမှာ
တိုင်တစ်ခုကိုကွယ်ပြီး
သူရှိရာဘက် မျက်နှာမူရပ်နေသည်။ဆိုလိုရင်းက
သူသာ မအောင်မြင်ခဲ့ရင်
ဖန်ရှင်းက ကိစ္စအားလုံး အဆုံးသတ်ဖို့
တာဝန်ယူထားပုံရသည်။"ငါက ဘယ်သူနဲ့ယှဉ်ယှဉ်
မင်းကိုပဲ ရွေးမှာ ..""မင်းထိခိုက်ဖို့
မင်းက စွန့်လွှတ်နိုင်ပေမဲ့
ငါကတော့ ခွင့်မပြုနိုင်ဘူး.."အမြဲ ပြုံးရယ်နေတတ်သောဖန်ရှင်းသည်
ထိုစကားများ ပြောခဲ့စဉ်က
အရယ်အပြုံးမရှိခဲ့..။
မျက်ဝန်းအစုံက ငြိမ်သက်လို့နေခဲ့သည်။..
သွေးအိုင်ထဲလဲနေသူက
အကို မဟုတ်ပဲ သူဖြစ်နေခဲ့သည်မှာ
တကယ်ကို တော်ပါသေးသည်။"ရိပေါ်.."
အကို့ မျက်ရည်တွေက
သူ့ပါးပြင်ပေါ် လိမ့်ဆင်းကျလာသည်..။"ရိပေါ် ခနလေး ..
ခနလေးပါပဲ..
သတိမမေ့လိုက်နဲ့နော်.."အကို သူ့ကို ပွေ့အယူမှာ
တစ်စုံတစ်ခုက
ကြမ်းပြင်ပေါ် ပြုတ်ကျသွားလေသည်..။"စာအုပ်.."
စာကြည့်တိုက်ဟောင်းဆီက
အဘိုးအို ပေးခဲ့သော စာအုပ်..။ဒီလိုဆို အဘိုးအိုနဲ့တွေ့ခဲ့တာ
အိပ်မက်တော့ ဟုတ်ပုံမရ..။သူ့ကိုပွေ့ချီပြေးထွက်ဖို့ဟန်ပြင်နေသော
အကို့ကို သူ ဟန့်တားလိုက်သည်..။"အကို.."
ရုတ်တရက် သေနတ်သံ နောက်တစ်ချက် ထပ်ပေါ်လာပြီးနောက်
သူ့ကိုပွေ့ယူထားသော အကိုသည်
သူ့အပေါ်ပြန်ပြီး
ယိုင်လဲကျလာလေသည်..။နောက်တော့
သူ့မျက်ဝန်းတွေထဲ
အလင်းတန်းတစ်ခု ဝင်ရောက်လာသည်။သူ့မျက်ဝန်းတွေ
ပိတ်မကျသွားခင်အချိန်အထိ
အကို့အသံကို သူ တစ်စွန်းတစ်စမှ
ထပ်မကြားခဲ့ရ..။
ВЫ ЧИТАЕТЕ
လှေကားထိပ်က ပေါင်မုန့်ဆိုင်
Короткий рассказကျေးဇူးပြုပြီး ငါ့မျက်ဝန်းတွေထဲက မင်းကို နှုတ်ဆက်လိုက်ပါဦး.. ပြန်တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်လို့လေ..။