7

254 29 2
                                    

သူ မီးဖိုခန်းဘက်က ပြန်ထွက်အလာမှာ
ဆိုင်ထဲတွင် ဈေးဝယ်သူ တစ်ယောက်
ရောက်လို့နေသည်..။

အစောကမှ စင်တွေဘက်
သူ တင်ထားခဲ့တဲ့
လုပ်ပြီးစ lemon loafတွေကို
ခါးကိုကိုင်းလို့ အနံ့ခံနေပုံရသော
ထိုသူသည် အအိုအိတို့ကျောင်းဝတ်စုံကို
ဝတ်လို့ထားသည်..။

အအိုအိ သူငယ်ချင်းများလား မသိ..။

နောက်တော့ ကိုင်းထားတဲ့ အရပ်ကို
ပြန်ဆွဲဆန့်ပြီး သူ့ဘက်လှည့်မလာပဲ
ခပ်ဖြေးဖြေးပြောလာသည်..။

"မုန့်ဖုတ်တဲ့အနံ့က
တော်တော်မွှေးတာပါရော.."

"အုတ်လှေကားရဲ့ဟိုးအစတည်းက
ဒီအမွှေးနံ့ကို ရလာတာ.."

"နောက်တော့..."
ဆံပင်ခပ်အုပ်အုပ်တွေကို
လက်ချောင်းရှည်တွေနဲ့ ထိုးဖွလိုက်ပြီး
အနေခက်နေပုံနဲ့ သူ့ဘက်လှည့်လာရင်း
ခပ်လွှဲလွှဲဆက်ပြောသည်..။

"မုန့်နံ့တွေနောက် လိုက်လာရင်း
ဒီအထိရောက်လာတာပဲ.."

သူ့အကြည့်တွေကို ရှောင်ချင်နေပုံရတဲ့
ကောင်ငယ်လေးကို ကြည့်ရင်း
သူ့မျက်ဝန်းတွေမှာ
မျက်ရည်တွေပြည့်လာသည်..။

ကောင်ငယ်လေးက သူ့မျက်ရည်တွေကြောင့်ထင်..။ ငြိမ်ငြိမ်လေးရပ်နေရာမှ လှုပ်လှုပ်ရှားရှားဖြစ်လာကာ သူရှိရာဆီ
တစ်လှမ်းချင်း တိုးကပ်လာသည် ..။

"ဘာလို့ ငိုနေတာလဲ.."

"မဟုတ်တာ
ကိုယ့်မျက်ဝန်းထောင့်ကွေးတွေကို
မင်း မမြင်ဘူးလား.."

"ဒါက ပျော်မှ ပေါ်လာတတ်တာတဲ့.."

နှုတ်ခမ်းဝိုင်းတွေနဲ့ ကောင်ငယ်လေးက
ခပ်ဟဟ ရယ်ပါသည်..။

"ဘယ်သူကပြောတာလဲ.."

"အအိုအိက.."

"ဒီတော့ အခု ပျော်နေတာလား.."

"ဒါပေါ့.."

"ကိုယ် သိပ်ပျော်နေတယ်လေ.."

"Omm.."

"မင်းရော.."

"ကျနော်လည်း သိပ်ပျော်နေပါတယ်.."

🍞

ပင်လယ်မှ ဖြတ်တိုက်လာသော
လေပြေအေးသည်
ဆိုင်ရဲ့ပြတင်းပေါက်မှ တစ်ဆင့်
ဆိုင်အတွင်းဘက်ထိ ဝေ့ဝဲလို့လာသည်..။

လေနဲ့အတူ ဖွာလွင့်နေသော
ဆံပင်အုပ်အုပ်လေးကို
သူ့ လက်ဖဝါးနဲ့ ခပ်သာသာ
ထိုးဖွလိုက်သည်..။

ပြတင်းပေါက်ထက်က
အအိုအိ ချိတ်ဆွဲထားခဲ့သော
Furinများဆီမှ
အချင်းချင်းထိခတ်သံနှင့်အတူ
ကောင်လေးရဲ့ ရယ်သံလွင်လွင်သည်
ရောထွေး၍ ထွက်ပေါ်လာပါသည်..။

ခပ်လှမ်းလှမ်းက ကားမှတ်တိုင်တွင်တော့
အအိုအိသည် ကလေးတစ်အုပ်နှင့်အတူ
ရေခဲချောင်း တစ်ချောင်းတည်းနှင့်
အဝေ မတည့် ဖြစ်နေရှာလေသည်..။

"ဟ...လိပ်ပြာ ရေခဲချောင်းပါဆို
တောင်ပံ နှစ်ခုလုံးစားမှ ပြီးပြည့်စုံမှာပေါ့.."

"နှစ်ယောက်စားလို့ရအောင်
တောင်ပံ တစ်ခြမ်းစီမှာ
သစ်သားတုတ်တစ်ချောင်းစီ စိုက်ပေးထားတာ မမြင်ဘူးလား.."

-The End-

လှေကားထိပ်က ပေါင်မုန့်ဆိုင်Donde viven las historias. Descúbrelo ahora