အပိုင်း ( ၅ )

1.2K 83 72
                                    

( Uni )

စိုင်းနောင်က မြတ်ရှားရဲ့အခြေအနေကိုမြင်တော့ ဇိုင်းထက်ရဲ့အခန်းထံအပြေးသွားပြီး တင်ပြလာတယ် ။

" သခင်လေး အကိုလေးမြတ်ရှားအပြင်းဖျားနေတယ် ကျုပ်သူ့ကို လိုက်ပို့တုန်းကတောင်အကောင်းကြီးရှိပါသေးတယ် သူအစားမစားတာလဲဒီနေ့နဲ့ဆို ၃ ရက်ရှိပြီလို့ပြောတယ် ညဘက်တွေမှာ အအေးမိသွားတာကြောင့်များလားမသိဘူး သူ့ပုံစံကအတော်လေးဆိုးနေပြီ ကျုပ်ဆရာဝန်ခေါ်ပေးလိုက်ရမလား "

ဇိုင်းထက်က စီးကရက်ကိုဖွာရင်း ပြတင်းပေါက်ကနေတစ်ဆင့် အိမ်ငယ်လေးထံလှမ်းကြည့်နေတယ် ။ သူ့မျက်ဝန်းတွေကအေးဆက်နေပြီး ခံစားချက်မဲ့နေတာကြောင့် စိုင်းနောင် သူတို့အခြေအနေမကောင်းသေးမှန်းသဘောပေါက်သွားတယ် ။ ဒီသခင်လေးနှစ်ယောက်က ခနခနရန်ဖြစ်ကြပေမဲ့ တစ်ရက်ထက်ပိုမကြာဘူး ။ ဒီတစ်ကြိမ်က မြတ်ရှားထိုအိမ်ထဲမှာ ၃ ရက်လောက်ထိအပိတ်ခံထားရပြီး နေ့ဘက်တွေမှာ သခင်လေးကလုံးဝသွားမတွေ့ပဲနေနေတာကြောင့်  မြတ်ရှားအတွက်စိတ်ပူလာမိတယ် ။ ညဘက်တွေမှာတစ်ညလုံး ထိုသခင်လေးက မြတ်ရှားနဲ့အတူ တစ်ကုတင်ထဲမှာ ရှိနေတာကိုတော့ စိုင်းနောင်တစ်ယောက်မသိလေဘူး ။

ဇိုင်းထက် လက်ထဲကဆေးလိပ်ကို ပြာခွက်ထဲထည့်လိုက်ပြီး ပျင်းရိသောလေသံဖြင့် ပြောလာတယ် ။

" ဖျားယုံလောက်နဲ့ မသေနိုင်ပါဘူး မင်းသူ့ကိုသွားကြည့်စရာမလိုဘူး ပြီးတော့ ဒီအိမ်တော်ထဲကို ဘယ်လူစိမ်းတစ်ယောက်ကိုမှ အဝင်မခံနဲ့ "

" ဒါဆို မမလေးရှောင်ရှင်းကိုရော "

" သူ့ကိုတော့ "

ဇိုင်းထပ်ခနရပ်လိုက်ကာ မျက်ခုံးကြုတ်လိုက်ပြီး …

" ငါရှိနေတဲ့အချိန်ပဲပေးဝင် "

" ကောင်းပါပြီ "

ဇိုင်းထပ်အခန်းထဲပြန်ရောက်လာတော့ မြတ်ရှားကိုကျွေးခဲ့တဲ့ဆေးဘူးကိုယူကြည့်လိုက်တယ် ။ ဆေးကအနည်းငယ်သာပါတာကြောင့် ဒီညတိုက်ပြီးရင် မရှိတော့ဘူး ။ မြတ်ရှားကခေါင်းမာတဲ့သူမို့ ဆေးတစ်ဘူးသာကုန်တော့မယ် ခုထိသူ့စကားကိုမနာခံသေးသလို သူတို့ဆက်ဆံရေးက အရင်ကလိုပြန်ပြီးမဖြစ်လာတော့တာကြောင့် ဇိုင်းထက်ပေါက်ကွဲကာ အခန်းထဲကပစ္စည်းတွေကိုပြစ်ပေါက်ပြစ်လိုက်တယ် ။

အကိုလေးရဲ့ ဖန်အိမ်စောင့်Where stories live. Discover now