အပိုင်း ( ၉ )

913 131 48
                                    

မြတ်ရှား အခန်းထဲပြန်ရောက်တော့ အားရပါးရအော်ရယ်လိုက်တယ် ။ အကိုလေးရဲ့ ခုလိုမခံမရပ်နိုင်ဖြစ်နေပုံကို ပထမဆုံးမြင်ဖူးတာမို့ မရယ်မိအောင် မထိန်းနိုင်ဘူး ။ ဒီလိုမရယ်ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ ။ ဒီလိုအနိုင်ယူလိုက်ရတဲ့ခံစားချက်က စိတ်ထဲမှာပေါ့ပါးပြီး အများကြီးနေလို့ပိုကောင်းလာတယ် ။

အရင်ဘဝကခုလိုအချိန်မျိုးမှာ အကိုလေးအနိုင်ကျင့်သမျှကိုသာခံခဲ့ရပြီး တိတ်တိတ်လေးငိုကြွေးနေခဲ့ရတယ် ။ ပြန်ခံပြောရဲဖို့ဆိုတာ အိမ်မက်တောင် မမက်ခဲ့ဖူးဘူး ။ ပြန်လည်မွေးဖွားလာပြီးနောက်မှာ သူဟာအရင်ကလို သတ္တိနည်းတဲ့ ခွန်းမြတ်ရှားမဟုတ်တော့ဘူး ။

ယခင်ဘဝမှာ လူမှန်းသိတတ်စအရွယ်ကနေစပြီး မိဘမေတ္တာကိုမရရှိခဲ့သလို လောကဓံရဲ့လှည့်ကွက်တွေကြား ကြံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့ရပြီး ကံဆိုးမိုးမှောင်ကျတဲ့ ဘဝရဲ့နာကျင်စရာအဆုံးသပ်အချိန်ကိုတောင် ကြုံဖူးခဲ့သူဖြစ်တာကြောင့် ဒီဘဝမှာတော့ အားလုံးကိုပြောင်းလဲပြစ်ရမယ် ။

" ကောင်းပြီလေ အတိတ်ဘဝကလို ကြောက်မနေတော့ပဲ သတ္တိရှိရှိရင်ဆိုင်ကြတာပေါ့ "

မြတ်ရှားအသက်ကိုဝဝရှူထုတ်လိုက်ရင်း ဒီဘဝမှာ အကောင်းဆုံးနေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ် ။ သူဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ခွင့်ကို ပြန်ပြီးရယူရမယ် ။ ဒါမှဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်မှာ ။ ခုချိန်မှာ မြတ်ရှားရင်ထဲမှာ နောက်ထပ်အပူတစ်ခုရှိနေသေးတယ် ။ အဲ့ဒါက နှုတ်မဆက်ပဲ ထွက်ခွာသွားတဲ့သူ့ရဲ့အဖွားပဲ ။ ခုချိန်မှာ သူကမပြည့်စုံတဲ့လူငယ်လေးဖြစ်နေတဲ့အတွက် ဖုန်းလေးတစ်လုံးတောင်မရှိနေဘူး ။ ဒါကြောင့် ဧည့်ခန်းထဲကဖုန်းနဲ့ပဲ အဖွားထံဆက်သွယ်လိုက်တယ် ။

" Hello ဂေဟာမှူးပြောနေပါတယ် "

" အဖွား "

မြတ်ရှားရဲ့အသံကြားတော့ တစ်ဖက်က ခနမျှတိတ်ဆိတ်သွားပြီးမှ အားရဝမ်းသာပြန်ဖြေလာတယ် ။

" မြေးလေး အဖွားကိုဖုန်းတွေဘာတွေဆက်လို့ပါလား "

အတိတ်ဘဝတုန်းက သူအဖွားကို မဆက်သွယ်မိခဲ့ဘူး ။ အဲ့ဒါကလဲ အဖွားအသံကြားရင် ငိုမိမှာကြောက်လို့ပဲ ။ အဖွားပို့ပေးတဲ့နေရာမှာပဲ လိမ်လိမ်မာမာနဲ့ အကောင်းဆုံးနေထိုင်ခဲ့တယ် ။ နောက်ပိုင်းအဖွားကိုထောက်ပံ့ခဲ့ပေမဲ့ အကိုလေးအပေါ်ဂရုစိုက်နေရတာနဲ့ လိုအပ်ချက်တွေကိုမမြင်ခဲ့ဘူး ။ ဒါကြောင့်လဲ အဖွားရဲ့ရောဂါကိုကုသမပေးနိုင်ခဲ့သလို ဂေဟာကိုလဲမပြောင်းလဲပေးနိုင်ခဲ့ဘူး ။ ဒါကသူမသေခင်မှာ နောင်တရမိဆုံးအရာဖြစ်တယ် ။

အကိုလေးရဲ့ ဖန်အိမ်စောင့်Where stories live. Discover now