အပိုင်း ( ၂ )

1.4K 110 62
                                    

အိမ်တော်ထိန်းကြီးရဲ့နာမည်က ဦးလေးစောမောင်ဖြစ်ပြီး အကိုလေးရဲ့အဖေငယ်စဉ်ကတည်းက ဒီအိမ်တော်ကို စောင့်ရှောက်လာသူလို့ပြောလာတယ် ။ သူ့အသက်က ၈၀ နားကပ်နေပြီ ။ ဒါကြောင့်လူအိုတစ်ယောက်လိုပါးရေနားရေတွေတွန့်နေပြီး အရင်လိုမသွက်လက်နိုင်တော့ဘူး ။ ဒီအိမ်တော်မှာအကြီးဆုံးလို့လဲပြောလို့ရတယ် ။

နောက်ထက်ဒုတိယအသက်အကြီးဆုံးအိမ်ဖော်အမျိုးသမီးတစ်ယောက်လဲရှိသေးတယ် ။ သူမကအကိုလေးမမွေးလာခင်ကတည်းက အကိုလေးအမေအနားမှာခစားရတဲ့အစေခံ ဒေါ်သန်းဖြစ်တယ် ။ သူမက ၅၀ ကျော်ပြီ ။ အကိုလေးရဲ့ ကလေးထိန်းဖြစ်ခဲ့ပြီး ခုထိအကိုလေးရဲ့ဝေရာဝစ္စတွေကို လုပ်ပေးနေရတုန်းပဲ ။ ဒီအိမ်တော်မှာ အကိုလေးနဲ့အနီးကပ်ဆုံးနေရဲတာ ဦးလေးစောမောင်နဲ့ဒေါ်သန်းပဲရှိတယ် ။

ဒေါ်သန်းကဝဝတုတ်တုတ်နဲ့ သန်မာတဲ့အမျိုးသမီးတစ်ယောက် ။ သူမကမြတ်ရှားကိုမြင်တော့ ချက်ချင်းပဲမီးဖိုချောင်ထဲကနေ ထွက်လာခဲ့တယ် ။

" ဦးစောမောင် ... ဒီကလေးကသခင်လေးရဲ့အစေခံဖြစ်မဲ့ကလေးလား "

" ဟုတ်ပါ့မသန်းရာ ... ငါ့မလဲသခင်လေးဒေါသတွေကို ထိန်းနိုင်ဖို့ အနားမှာစောင့်ရှောက်ပေးနိုင်မဲ့လူတစ်ယောက်လောက်ရှာဖို့အကြံပြုလိုက်ပေမဲ့ ဒီလိုသေးသေးကွေးကွေးကလေးက ခံနိုင်ရည်ရှိပါ့မလားစိုးရိမ်မိတယ် "

" အို သခင်လေးကဆိုးပေမဲ့လဲ ကိုယ်ချင်းစာတရားတော့ ရှိပါသေးတယ်ရှင် ... ကောင်လေးကိုတော့ အန္တရာယ်မပြုလောက်ပါဘူး "

" အဲ့လိုဖြစ်ပါစေပဲ ဆုတောင်းရတော့မှာပေါ့ "

မြတ်ရှားကတော့မထင်ရေးချမထင်ပေါင် ။ သူတို့ကဒီသခင်ရဲ့အစေခံဆိုတော့လဲ သခင်ကောင်းအောင်ပဲပြောမှာပေါ့ ။ သူလဲပဲအစေခံပါပဲလေ ကြုံလာမဲ့အန္တရာယ်မှန်သမျှကို သီးခံရမှာပဲ ။ ကျန်တာကတော့ ကံတရားကိုပဲ ပုံအပ်ရတော့မယ် ။

နောက်ဆုံးမှာ သခင်ရဲ့အမိန့်ကိုလဲမလွန်ဆန်ရဲသလို စိတ်နှလုံးကောင်းရှိတဲ့ ထိုအစေခံကြီး ၂ ယောက်က မြတ်ရှားကို အိမ်တော်ကြီးရဲ့အနောက်မှာရှိတဲ့ အိမ်ငယ်လေးထံ နေခွင့်ပေးလာတယ် ။ ထိုနေရာက လူတစ်ယောက်နေဖို့အတွက်အဆင်ပြေပြီး ပစ္စည်းလဲအစုံရှိတာကြောင့် ဂိုထောင်ထက်တော့သာပါသေးတယ် ။

အကိုလေးရဲ့ ဖန်အိမ်စောင့်Onde histórias criam vida. Descubra agora