အပိုင်း ( ၄ )

1.2K 97 69
                                    

( Uni )

လှေကားထစ်တွေပေါ်ကနေ ဆင်းလာတဲ့တစ်လျှောက်လုံး အစေခံတွေက မြတ်ရှားကိုဝိုင်းကြည့်နေကြတယ် ။ တစ်ချို့ကသနားတဲ့အကြည့်တွေနဲ့ကြည့်နေကြပြီး တစ်ချို့ကတော့ လှောင်ရယ်နေကြတယ် ။ ထိုလူတွေက မြတ်ရှားကို အကိုလေးကအရေးပေးတာကိုမကြိုက်ကြတဲ့လူတွေဖြစ်ပြီး သူတို့က တစ်နေ့မှာအကိုလေးက မြတ်ရှားကို နှင်ထုတ်လိုက်ဖို့ မျှော်လင့်နေကြတဲ့လူတွေပဲ ။

" အကိုလေးက သခင်မလေးနဲ့လက်ထက်တော့မှာဆိုတော့ သူကတော့အပြစ်ခံရပြီထင်တယ် ဒါလဲကောင်းပါတယ် ယောက်ျားတန်မဲ့နဲ့ အကိုလေးအနားကိုကပ်နေတာ စိတ်ပျက်စရာကြီး သူ့ကိုယ်သူဒီအိမ်တော်ရဲ့သခင်မထင်နေလားမသိဘူး "

" အကိုလေးက ယောက်ျားတွေကိုမှမကြိုက်တာ သူ့ကိုလဲအစေခံအဖြစ်နဲ့ပဲသဘောထားတာကို  အမြှောက်စားခံရတော့ သူ့နေရာသူမေ့သွားတဲ့ပုံပဲ ခုလိုအလောတကြီးလက်ထပ်ရတာကလဲ အကိုလေးကို ဂေးဆိုပြီးလူတွေထင်အောင် သူပဲလုပ်ခဲ့တာ သူ့လုပ်ရပ်ကြောင့်ခုသူပြန်ခံနေရပြီ အကိုလေးဖိုးဖိုးသာသိရင် သူ့ကိုအရှင်ထားမှာမဟုတ်ဘူး "

" ဟုတ်တယ် သခင်ကြီးက သူ့မြေးကိုဂေးလို့ပြောတဲ့လူတွေကိုတောင် အလွတ်မပေးတာ အကိုလေးကိုကြိုက်နေတဲ့လူက သူ့ဘေးနားကအစေခံမှန်းသိရင် သတ်ပြစ် … "

" နင်တို့တွေ စကားကိုကြည့်ပြော ဒီအိမ်တော်ကို လမ်းဘေးဈေးများထင်နေလား "

အသက်ကြီးကြီးအစေခံတစ်ယောက်က အော်ငေါက်လိုက်မှ အတင်းပြောနေကြတဲ့လူတွေ ပါစပ်ပိတ်ကာ ပြေးသွားကြတယ် ။ သူမက သူ့ဘေးကနေဖြတ်သွားတဲ့မြတ်ရှားကို သနားတဲ့အကြည့်တွေနဲ့ကြည့်နေပေမဲ့ သူမလဲဘာမှမတတ်နိုင်ဘူး ။

အိမ်တော်မှာ အစေခံသစ်တွေ ခန့်အပ်ပြီးနောက်ပိုင်း မြတ်ရှား​​ပြဿနာတစ်ခုပြီးတစ်ခု အရှာခံနေရပြီး တစ်ခါတစ်လေ တမင်တကာခြောက်ချဖို့များရောက်လာကြသလားဟု ထင်မိတဲ့ထိပဲ ။ ဒါပေမဲ့အဖိုးရဲ့အမိန့်မို့ သူလဲဘာမှမတတ်နိုင်၍ သည်းခံနေယုံသာ တတ်နိုင်ခဲ့တယ် ။ အစေခံဟောင်းတွေက မြတ်ရှားကိုအမြင်ကြည်ကြပေမဲ့ ဇိုင်းထက်အဖိုးခန့်ထားတဲ့ အစေခံတွေကတော့ သိသိသာသာအမြင်မကြည်ကြတဲ့အပြင် လေးစားမှုလဲမရှိကြဘူး ။ ဒီလိုဖြစ်စဉ်မျိုးက ရိုးနေပြီမို့ မြတ်ရှားလဲ သူတို့ရဲ့ပြောစကားတွေကို လစ်လျှူရှုလိုက်ပြီး အထုတ်အပိုးတွေပြင်ဖို့အတွက် အခန်းထဲဝင်လာခဲ့တယ် ။

အကိုလေးရဲ့ ဖန်အိမ်စောင့်Where stories live. Discover now