အပိုင်း ( ၁၀ )

839 82 59
                                    

မြတ်ရှား မြို့ထဲကိုလိုအပ်တဲ့ပစ္စည်းဝယ်ဖို့အတွက် ထွက်လာခဲ့တယ် ။ မနက်က မနက်စာကိစ္စကြောင့် သခင်ကြီးကမြတ်ရှားကိုကျေးဇူးတင်တဲ့အနေနဲ့ လိုချင်တာဝယ်ဖို့ ကဒ်တစ်ခုပေးလာတယ် ။ အစကငြင်းပေမဲ့ သခင်ကြီးကဇွတ်ပေးနေတာရယ် မြတ်ရှား လိုအပ်တဲ့ပစ္စည်းတစ်ချို့ကလဲ လက်ထဲမှာရှိတဲ့ငွေနဲ့မလောက်တာကြောင့် လက်ခံလိုက်တယ် ။ ဒီပမာနက ဇိုင်းထက်အတွက်ဆိုရင်တော့ တစ်နေ့စာဖြုန်းယုံလောက်သာရှိပေမဲ့ မြတ်ရှားအတွက်ကတော့ အများကြီးတန်ဖိုးရှိတယ် ။

ပထမဆုံး ဖုန်းတစ်လုံးနဲ့အတူ ကွန်ပြူတာတစ်ခုပါဝယ်လိုက်တယ် ။ အရင်းအနီးရှာဖို့ဆိုရင် စီးပွားရေးလောကမှာ မြှုပ်နှံတာက သူကျွမ်းကျင်တဲ့အရာပဲ ။ သခင်ကြီးနဲ့သဘောတူညီချက်ယူတဲ့အထဲမှာ ဆိုးသွမ်းတဲ့ အကိုလေးကို ပြဿနာမရှာစေပဲ တစ်ဖြေးဖြေးပြောင်းလဲပေးနိုင်ရင် သူ့အတွက်ဘဏ်အကောင့်ဖွင့်ပေးပြီး  အပတ်စဉ်အသုံးစရိတ်ကို ယခင်ကထက် ၂ စထောက်ပံ့ပေးမှာဖြစ်တယ် ။

ခုအချိန်က မြတ်ရှားအတွက် ငွေရှာဖို့ခက်ခဲတဲ့အခြေအနေမို့ သခင်ကြီးရဲ့အကူအညီကို လက်ခံဖို့ဆုံးဖြတ်လိုက်တယ် ။ ဒီအိမ်တော်ကနေထွက်သွားဖို့ဆိုရင် မိမိကိုယ်ကိုရပ်တည်နိုင်မဲ့အခြေအနေတစ်ခုဖြစ်မှရလိမ့်မယ် ။ အတိတ်ကကိစ္စတွေကြောင့် အကိုလေးရဲ့အနားကိုပြန်မသွားချင်ပေမဲ့ ဒီဘဝမှာတော့ ထိုအရာတွေကဖြစ်မလာသေးဘူး ။  ဒီတစ်ခါတော့ သူနဲ့အကိုလေး အရင်ဘဝကလို မှားယွင်းတဲ့လမ်းကိုမရွေးမိအောင်ထိန်း​ပြီး အနာဂတ်ကိုပြောင်းလဲရမယ် ။

သခင်ကြီးထံက ထောက်ပံ့သမျှငွေတွေကိုလဲ ရင်းနီးမြှုပ်နှံမှုထဲထည့်ပြီး အောင်မြင်လာတဲ့တစ်နေ့  သခင်ကြီးပေးသမျှကို ပြန်ဆပ်ဖို့တွေးထားတယ် ။ အနာဂတ်မှာ ကံဆိုးမှုတွေကိုမတားစီးနိုင်ပဲ ဇျာန်အိမ်တော့ကျရှုံးမဲ့အခြေအနေမျိုး ထပ်ဖြစ်လာခဲ့ရင်တောင်မှ သူခုကတည်းကရသမျှကိုစုဆောင်းပြီး ရင်းနီးမြှုပ်နှံထားရင် အရင်ဘဝကလောက်ဒုက္ခမများနိုင်တော့ဘူး ။ သူကယ်တင်နိုင်မယ်လို့ ယုံကြည်တယ် ။

ဒါပေမဲ့ သူကဘွဲ့မရသေးတဲ့ကျောင်းသားမို့ အတိတ်ဘဝကလို အဆက်အသွယ်ကောင်းတွေ မရရှိနိုင်သေးဘူး ။  ဒါကြောင့်လက်ရှိစီးပွားရေးနယ်ပယ်ကို  ထောက်လှမ်းဖို့ နည်းပညာကိုအသုံးပြုပြီး တစ်ခုခုတော့ကြံမှရမယ် ။  သူ့ဘက်ကနေ လူတွေယုံကြည်နိုင်လောက်တဲ့ပညာတစ်ခုခုကို ထုတ်ပြနိုင်မှရလိမ့်မယ် ။

အကိုလေးရဲ့ ဖန်အိမ်စောင့်Where stories live. Discover now