" ခုဆိုရင် နတ်ဆိုးမလေးရဲ့လက်ချက်နဲ့ မင်းရဲ့အစေခံလေး အလူးအလဲခံနေရလောက်ပြီ မကြာခင်မင်းဆီ ဒူးထောက်ခစားပြီး အပြေးတောင်းပန်လာလိမ့်မယ် "
ဆူညံနေတဲ့ကန်တင်းရဲ့ နားနေဆောင်တစ်ခုအတွင်းမှာ ဇိုင်းထက်တို့အဖွဲ့ထိုင်နေကြတယ် ။ ဇျာန်ဇိုင်းထက်ရဲ့နဘေးက သူ့ရဲ့သူငယ်ချင်းတွေက မြတ်ရှားရဲ့ငိုယိုနေမဲ့ပုံစံကိုခန့်မှန်းပြီး လှောင်ရယ်နေကြတယ် ။ ဇိုင်းထက်ကိုလူမြင်ကွင်းရှေ့မှာထိုးလိုက်တာကြောင့် သူ့လူကိုအထိမခံတဲ့ နတ်ဆိုးမလေးလို့ နာမည်ကြီးတဲ့ အိန်ဂျယ်မိုးရဲ့ပြစ်မှတ်ဖြစ်သွားရင် ဒီကျောင်းမှာတောင် ဆက်ပြီးနေနိုင်မှာ မဟုတ်တော့ဘူး ။
" ခုလောက်ဆို နတ်ဆိုးမရဲ့လက်ချက်နဲ့ကျောင်းဆေးခန်းရောက်နေလောက်ပြီ "
" ဟျောင့် လောင်းမလား ဒီနေ့အဲ့ကောင်လေးဘာဒါဏ်ရာမှမရပဲ ပေါ်လာရင် ငါးသောင်းပေးမယ်ကွာ "
" အဲ့ဒါဆိုငါရှုံးမှာပေါ့ "
" အဲ့ဒါဆို တစ်သိန်းကွာ သူမလာနိုင်ရင်တော့ ငါးသောင်ပဲပေး "
" မလာမှာအသိသာကြီးကို ဟားဟား "
မြတ်ရှားကတော့ ဒီမနက်မှာ ကျောင်း Group ထဲမှာပလူပျံနေတဲ့ မြတ်ရှားနဲ့ထိုက်အောင်တို့အဖွဲ့ရန်ဖြစ်တဲ့ VD ကိုကြည့်နေတယ် ။ ပြီးတော့အိမ်တော်မှာ သူခံခဲ့ရတာတွေကိုပြန်တွေးရင်း တစ်ခုခုတော့မှားနေမှန်းသိပေမဲ့ စဉ်းစားလို့မရဘူး ။ လူတစ်ယောက်က ဘာကြောင့်သရဲဝင်ပူးသလိုမျိုး ပြောင်းလဲသွားရတာလဲ ။
ခွန်းမြတ်ရှား ငါ့ရဲ့အာရုံကိုဆွဲဆောင်ဖို့ ကြိုးစားတာ အောင်မြင်တယ် … မင်းဘယ်လောက်ထိဆက်ပြီးလုပ်နိုင်မလဲ ကြည့်ကြတာပေါ့ … ငါ ဇျာန်ဇိုင်းထက်က မင်းကိုမရှုံးစေရဘူး …
ပုံမှန်အတိုင်း ဇျာန်ဇိုင်းထက်ရှိတဲ့နေရာတိုင်းမှာ ကျောင်းရဲ့အလှဆုံးအမျိုးသမီးတွေ စုနေတတ်တယ် ။ သူတို့က စားစရာတွေအမျိုးမျိုးယူလာပေးကြပေမဲ့ ဇိုင်းထက်ကတစ်ခုတစ်လေမှပင်ထိမကြည့်ဘူး ။ သူ့ဘေးနားက ကပ်ဖားရပ်ဖားသူငယ်ချင်းဖြစ်သူတွေကသာ အလကားစားနေရတယ် ။
YOU ARE READING
အကိုလေးရဲ့ ဖန်အိမ်စောင့်
Romanceပြန်လည်မွေးဖွားလာပြီးနောက် ရိုင်းစိုင်းတဲ့အကိုလေးကို ယဉ်ပါးအောင်လေ့ကျင့်ပေးခြင်း ... Rebirth ပုံစံမျိုးဖြစ်ပြီး လက်စားချေတာမျိုးမဟုတ်ပဲ ကံတရားကိုပြောင်းလဲမည့်ပုံစံဖြစ်သည် ။ ဒီဇာတ်လမ်းသည် စိတ်ကူးယဉ်သက်သက်သာ ရေးသားခြင်းဖြစ်သည် ။