မနက်ကအစာဝင်အောင်သာစားခဲ့လျှင်
ယခုလိုနှုံးချိမနေဘဲအားအင်ကုန်ခမ်းနေခြင်းက
အနဲငယ်သက်သာလိမ့်မည်ဟုဆွေထင်သည်။သံပုရာသီးလုံးကိုလုံးချေရင်းနှာခေါင်းဝကိုတေ့
လိုက်တော့မှနှာခေါင်းထဲသို့သင်းသင်းဝင်ရောက်
လာတဲ့သံပုရာနံ့လေးကြောင့်ခဏတာတော့
ရွှင်လန်းသွားရသည်သာ။ဒါလည်းမေမေထည့်ပေးလိုက်တဲ့သံပုရာသီး။
မေမေဟာဆွေ့ကိုဂရုတစိုက်ရှိသည့်လွန်းသူ
တစ်ဦးအဖြစ်ဆွေ့ဘဝမှာနေရာယူထားပါလျှက်
နဲ့ဘာလို့များအဲ့ဒီနေရာလေးကရှောင်ဖယ်ချင်
နေရပါလိမ့်ဟုဆွေတွေးသည်။ကားပေါ်မှာဆူညံလွန်းနေတာမို့စိတ်အလို
အတိုင်းသာထအော်ပစ်လိုက်ချင်ပေမယ့်မြိုသိပ်
ထားရလေသည်။ဆွေစိတ်မရှည်တတ်တာကို
မေမေအသိဆုံးမို့တစ်ဦးသောသူအပေါ်မှကွက်ပြီး
ရှည်လာသည့်သမီးဆွေရဲ့စိတ်တွေအပေါ်မေမေသဝန်တိုခဲ့လေခြင်းလား။အချစ်နဲ့တွေ့ထိချိန်မှာလူတွေဟာပြောင်းလဲ
သွားတတ်တယ်လို့ဆွေ့သူငယ်ချင်းပြောတုန်းက
ဆွေကြိတ်ရယ်ခဲ့ပါသေး၏။ရယ်မိတဲ့အပြစ်ဟာ
ထိုလောက်ကြီးမားသွားလိမ့်မည်မထင်ခဲ့။အချစ်ကိုထိမိချိန်မှာပဲဆွေ့ဘဝကိုအပြစ်လှလှ
လေးတစ်ခုကလည်းကြီးကြီးမားမားကျရောက်
လာခဲ့လေသည်။မှတ်မှတ်ရရထိုနေ့ကဆွေတို့သူငယ်ချင်းတွေ
မိတ္ထီလာကန်ဘေးမှာပွဲကျနေတဲ့အခိုက်ပေါ့။"ယူတို့တွေအဲ့လိုသာညစ်တီးညစ်ပတ်တွေ
ပြောနေဦးမယ်ဆို .. ဆွေထပြန်ပစ်လိုက်မယ်
သိလား""အဟားဟား ၊ အပျိုကြီးရှက်နေပြီဟေ့"
ဆွေချိန်းခြောက်နေသည့်ကြားကချိုမာလွင်
မှာအပိုးမသတ်နိုင်ရှာရှိသည်။"ကေကေမာဆို .. အပျိုတုန်းကသိပ်ကြီးကျယ်
တာပဲမဟုတ်လား .. အိပ်လို့ရှိရင်ဘေးမှာ
တစ်ယောက်ယောက်ရှိနေရင်မအိပ်တတ်တာတို့
သောက်ရေခွက်ဆိုသီးသန့်ထားတာမျိုးတို့
ဘယ်သူနဲ့မှရောချင်တဲ့မိန်းမမျိုးမဟုတ်ဘူးလေ"ကေကေမာကတော့သူ့ကိုပြောနေတာသိလည်း
မတတ်သာလို့ခေါင်းငုံ့ထားရသည့်အခြေအနေ
တစ်ခုသို့ရောက်နေသည်။မျက်နှာကလည်း
ပြုံးစိစိနှင့်တစ်ကယ်ကိုအပိုးမသေကြပါပေ။
YOU ARE READING
"Collection of Short Stories"
Short Storyဝတ္ထုတိုများကိုဒီမှာဖတ်ပါ ၊ အများကြီးရေးချင်တာမို့ တစ်ပုဒ်ပြီးတစ်ပုဒ်ထပ်ဖြည့်သွားမှာပါ ♡