စိတ်တွေသည်အစဉ်မဖြောင့်တန်းနိုင်ရှာ၍
လေးလံလွန်းသည့်ကျောက်တုံးကြီးကိုရွက်ကာ
သွားရသည့်လမ်းကကဲ့သို့ကောက်ကွေ့လျှက်ရှိသည်။ယနေ့မှမဟုတ်။ယမာန်နေ့များတွင်လည်း
ကျွန်ုပ်ဦးခေါင်းထံ၌ထိုကျောက်တုံးကြီးကောင်းစွာ
နေရာယူလျှက်။ထိုလမ်းသွယ်ဟာကောက်ကွေး
လျှက်။ဆေးလိပ်တိုကိုမီးထပ်ညှိရင်းနှုတ်ခမ်းဝဆီ
တေ့လိုက်ရင်တော့စိတ်သက်သာလောက်မည်။"တောက် ! ၊ နံလိုက်တာ"
Bus ကားမှတ်တိုင်တွင်ထိုဆံရှည်တစ်ယောက်ကို
လူတွေဝိုင်းကြည့်နေကြသည်။ကျွန်ုပ်သည်လည်း
ဆံရှည်ကိုယောင်ယမ်းငေးလိုက်မိ၏။"ဒီနားမှာကလေးငယ်တွေရှိတာမမြင်ဘူးလား ၊
ဆေးလိပ်မသောက်ပါနဲ့"ကျွန်ုပ်လက်တွေရွံ့သွားမိသည်။
ပတ်ဝန်းကျင်ကိုဂရုမစိုက်တာဟာကျွန်ုပ်၏အကျင့်ဖြစ်၍လုပ်ချင်တာကိုဖြစ်အောင်လုပ်တတ်တာဟာကျွန်ုပ်၏ဝါဿနာပဲဖြစ်သည်။ဤနှစ်ချက်
ကျွန်ုပ်ကိုယ်၌ကိန်းနေခဲ့သည်က,ကာလအတန်ကြာ
ရှိရော့မည်။လူတွေရဲ့နှုတ်ခမ်းဝကတိုးတိဆဲရေးသံကိုလည်း
အသားကျလို့လူတွေရဲ့မျက်ဝန်းဆီကမလိုကြည့်
များကိုလည်းခံယူတတ်၍ကျွန်ုပ်တစ်ဦးတည်း
ကားမှတ်တိုင်တွင်နေရစ်ခဲ့သည်။မိုးစက်တွေသည်မြေသားကတ္ထီပါပေါ်သို့ပြေးပြေး
လွှားလွှားလုယက်ခုန်ဆင်းနေကြပေမယ့်ကျွန်ုပ်
ထံ၌ထီးမပါခဲ့ခြင်းကိုတော့ကောင်းစွာမေ့လျော့
နေပေလိမ့်မည်(သို့)ရည်ရွယ်ပြီးတမင်ရက်စက်
တာလည်းဖြစ်ကောင်းဖြစ်နိုင်သည်။ကားမစီးရတာလည်းတစ်ခုတော့ကောင်းသည်။
ကျွန်ုပ်ခြေထောက်တွေကိုတစ်လှမ်းချင်းရွေ့ဖို့
စေခိုင်းအမိန့်ပေးလို့ရ၏။ကြာချိန် 45 မိနစ်တွင်ရက်ကွက်ထဲကိုရောက်
လာ၍ခြေလှမ်းပေါင်းမည်မျှလှမ်းခဲ့သည်ကို
ရေတွက်ရင်းနှင့်ပင်မေ့သွားခဲ့ရလေသည်။"ဟယ် .. နင်ရူးနေလို့မိုးရေထဲလျှောက်သွား
နေတာလား""...... "
YOU ARE READING
"Collection of Short Stories"
Short Storyဝတ္ထုတိုများကိုဒီမှာဖတ်ပါ ၊ အများကြီးရေးချင်တာမို့ တစ်ပုဒ်ပြီးတစ်ပုဒ်ထပ်ဖြည့်သွားမှာပါ ♡