ပြီးခဲ့တဲ့အခေါက်ကျွန်တော်နှင့်လှိုင်စကားများ
ခဲ့ကြတဲ့ကိစ္စသည်အမြစ်မပြတ်သေး၍ရင်ထဲ
တစ်နုံ့နုံ့ဖြစ်ကာကျွန်တော်မကျေနပ်နိုင်သေး။လှိုင့်ကိုစိတ်ဆိုး၍မဟုတ်။ကျွန်တော့်ရင်ထဲကဆန္ဒကိုလှိုင်ကမလိုက်လျော၍ကျွန်တော်ကအကောင်ထည်မဖော်နိုင်သေးသောကြောင့်မကျေနပ်နိုင်ခြင်းဖြစ်လေသည်။
"ကို .. မျက်နှာလည်းမကောင်းပါဘူး
ဘာလဲ ၊ လှိုင်ကရွာပြန်ဖို့ကိစ္စခွင့်မပြုသေးလို့
မဟုတ်လား .. ရွာပြန်ဖို့ကိစ္စကဒီလောက်တောင်
အရေးကြီးရသလားဟင် ၊လှိုင့်ကိုပြောစမ်းပါ
လှိုင့်ကိုပစ်ထားခဲ့ချင်နေတာ""လှိုင့်ကိုဘယ်တုန်းကပစ်ထားခဲ့မယ်
ပြောလို့လဲလှိုင်ရယ် ၊ ကိုနဲ့အတူလိုက်ခဲ့ဖို့
ခေါ်တယ်လေလှိုင်""အို .. မလိုက်နိုင်ပါဘူး"
"တွေ့လား ၊ ဒါကြောင့်လှိုင်မလိုက်ချင်လို့
ကိုတစ်ယောက်ထဲသွားပါ့မယ်၊မကြာဘူးပြော
နေရတာပေါ့လှိုင်ရဲ့""ကို့အဆက်ဟောင်းကြီးဆီသွားမဲ့ကိစ္စ
လှိုင်ကဘာလို့လိုက်ရမလဲလို့""ဟူးး၊ လှိုင်ရယ် .. "
ကျွန်တော်ဘာမှမပြောသာတော့ပါ။လှိုင်ဟာ
ကျွန်တော့်ရင်ထဲကခံစားချက်တွေကိုမိန်းမသား
ပီပီစိတ်မချသဝန်တိုနေရုံကလွဲလို့ကောင်းစွာ
နားလည်လိမ့်မည်မဟုတ်ကြောင်းကျွန်တော်
သိပါသည်။ကျွန်တော်ရွာကိုမပြန်တာကြာသွားပြီ။
လှိုင်နှင့်အိမ်ထောင်ကျပြီးရွာကိုပြန်ရောက်
ဖြစ်ခဲ့သည့်အရေအတွက်ကလက်ချိုးရေလို့
တောင်ရသည်။လှိုင့်ဖေဖေဟာစက်မှုလယ်ယာဦးစီးဌာနရဲ့အရာရှိကြီးတစ်ယောက်။ကျွန်တော့်ကိုအဲ့ဒီဌာနမှာပဲ
ဝင်လုပ်ဖို့လှိုင်အမြဲတစ်တွတ်တွတ်ပြောသည်။"နောက်တော့ရာထူးလေးဘာလေးတက်လွယ်
မှာပေါ့ကိုရယ် ၊ ဖေဖေရှိနေတာပဲ .. စာသင်တဲ့
အလုပ်ကအနေအစားမချောင်လည်တာတော့
ကိုလည်းလက်တွေ့သိနေတာပဲလေ"လှိုင်မည်မျှလှုံ့ဆော်နေပါစေ၊ခုချိန်ထိလှိုင်ဖြစ်
ချင်တဲ့ဆန္ဒကိုလက်မခံသည့်အတွက်ကျွန်တော်
ဖြစ်ချင်တဲ့ဆန္ဒတိုင်းကိုလည်းလှိုင်လက်ခံလိမ့်မည်မဟုတ်ပါ။
YOU ARE READING
"Collection of Short Stories"
Short Storyဝတ္ထုတိုများကိုဒီမှာဖတ်ပါ ၊ အများကြီးရေးချင်တာမို့ တစ်ပုဒ်ပြီးတစ်ပုဒ်ထပ်ဖြည့်သွားမှာပါ ♡