ကျွန်မမသိဘူး။တစ်ခါတစ်လေမှာပျောက်ဆုံး
သွားတဲ့အရာတစ်ချို့ကအချိန်တစ်ခုကြာတဲ့အထိ
ပြန်မတွေ့ရင်ဘာမှမတတ်နိုင်ဘဲလက်လွှတ်လိုက်ရတာပဲမဟုတ်ဘူးလား။"အကြာကြီးနေမှအပြင်ထွက်ရလို့လားမသိဘူး
ကောင်းလိုက်တာနော်"ဒါဆိုကျွန်မတို့ဘာအတွက်များကြိုးစားပြီး
ဆုပ်ကိုင်ထားနေရဦးမှာလဲ။ကျွန်မတို့စကားသေချာမပြောဖြစ်တာတောင်
ကြာပြီ။လွန်ခဲ့တဲ့ရက်ကပြောဖြစ်ခဲ့တဲ့စကားတွေ
ကလည်းတစ်ခုမှကောင်းတာမရှိဘူး။"ဖာခ့်ပဲ ၊ အန်တီရေ့ !"
"အိုး ၊ မင်းဆဲလိုက်တာပေါ့ .."
သူ့အသံကကျယ်လွန်းလို့ကျွန်မနားတွေကွဲထွက်
သွားမတတ်ပဲ။သူ့ပါးစပ်ကလေကလည်းကျွန်မ
မျက်နှာပြင်ကိုလာတိုးတဲ့အထိနီးနီးကပ်ကပ်ရှိခဲ့
ပါသေးတယ်။သူဘာလို့ကျွန်မရင်ထဲကိုဝင်မကြည့်
ပေးနိုင်ရတာလဲ။ဒီလောက်မခက်တဲ့ကိစ္စကိုလေ။ကျွန်မအတွေးထဲမှာသူနဲ့စကားများခဲ့တဲ့အချိန်
တွေကိုပဲတရိပ်ရိပ်တွေးနေမိလို့ဘေးမှာရှိနေတဲ့
သူ့ကိုစိတ်မသန့်သလိုဖြစ်နေတယ်။"တော်တော့"
ကားမောင်းနေရင်းကျွန်မလက်တွေကိုလာ
ဆွဲလိုက်တော့လန့်သွားမိ။"အဲ့လိုလက်သည်းတွေကိုမကိုက်နဲ့လို့
ပြောထားတယ်လေ"ကျွန်မကိုယ်ကျွန်မသတိမထားမိတာတောင်
ကြာပြီ။လက်သည်းတွေကိုတိုတဲ့အထိကိုက်
နေမိတာလား၊လက်ရှိသောက်နေတဲ့ကော်ဖီက
သုံးခွက်မြောက်လား၊နောက်ဆုံးခေါင်းလျှော်
ခဲ့တာကအင်္ဂါနေ့ကလား။ကျွန်မမသိဘူး။"အကြာကြီးနေမှအပြင်ထွက်ရလို့လားမသိဘူး
ကောင်းလိုက်တာနော်"သူဒီစကားကိုပြောခဲ့ပြီးပြီလား။
"ကျေးဇူးပြုပြီးစိတ်နဲ့လူနဲ့ကပ်ပေးလို့ရမလား
အန်တီ ၊ ခရီးထွက်လာတယ်ဆိုတာကိုလည်း
သတိရဦး""ဆောရီး .."
သူကကားမောင်းနေရင်းကျွန်မခေါင်းကို
သူ့ဘက်ဆွဲပြီးတစ်ချက်နမ်းတယ်။ကျွန်မ
စိတ်ထဲကသိကအောက်ပဲ။
YOU ARE READING
"Collection of Short Stories"
Short Storyဝတ္ထုတိုများကိုဒီမှာဖတ်ပါ ၊ အများကြီးရေးချင်တာမို့ တစ်ပုဒ်ပြီးတစ်ပုဒ်ထပ်ဖြည့်သွားမှာပါ ♡