နံနက်လေးနာရီ'ဒေါင်'ဆိုတာနဲ့ကျင့်သားရနေပြီ
ဖြစ်တဲ့စက္ခုအစုံဟာပွင့်ရလေပြီ။ချက်ပြုတ်ဆွမ်းကပ်ဘုရားဝတ်ပြုပြီးတာနှင့်
ဈေးသို့ပြေးလေရသည်။လက်ဆွဲခြင်းကိုဟန်ပြ
ယူခဲ့သော်လည်းဈေးသွားရတာကိုရွှေနုစိတ်ပျက်
လွန်းလှသည်။ရွှေနုအသက်လေးဆယ်နှစ်နှစ်ပြည့်မှာမောင့်ချွေး
နဲစာလေးနဲ့အမှတ်တရလုပ်ပေးသောရွှေနားကပ်
လေးဝယ်တုန်းကရွှေဆိုင်ကလက်ဆောင်ရသည့်
ဇစ်ဆွဲပိုက်ဆံအိတ်လေးထဲ၌ငါးထောင်တန်နှစ်ရွက်ကပေါ့ပါးစွာနေရာယူထားလေသည်။တစ်သောင်းလောက်နဲ့ဈေးသွားရတာဘယ်နည်း
နဲ့မှဟန်ကျလိမ့်မည်မဟုတ်။ကြက်သား ၁ ပိဿာ
၇ ထောင် ၈ ထောင် ရခဲ့သည်တောင်လွန်ခဲ့သော
အပတ်ကပင်ဖြစ်၏။"99 ခုနှစ်ကဆိုကန်စွန်းရွက်တစ်စီးကို
နှစ်ကျပ်ပဲပေးရတယ် .. မောင်တို့ 2k bornတွေ
မြင်ဖူးမှာမဟုတ်တဲ့နှစ်ကျပ်တန်""သိပ်စကားများတာပဲ .. ဒေါ်ရွှေနုရယ်
ဘယ်ခေတ်တောင်ရောက်နေပြီလဲ ..
နှစ်ကျပ်တန်ကိုလာပြောနေတယ်""ပြောရမယ်လေ .. မောင်အပ်တဲ့တစ်နေ့
ရှစ်ထောင်ကနှစ်ကျပ်မပြောနဲ့နှစ်ရာတန်တောင်ပျောက်လုဖြစ်နေတဲ့ ၊ မောင်ပြောတဲ့
ဟောဒီဘယ်ခေတ်ကြီးထဲရောက်နေတာကို
ကျွန်မဘယ်လိုလောက်ငှအောင်သုံးမလဲ""စိတ်ညစ်လိုက်တာ .. အဲ့ဒါကြောင့်အိမ်ပြန်
မလာချင်တာ"တစ်ကယ်လည်းဤသို့ညည်းညူမိကမောင်ဟာ
အိမ်ပြန်မအိပ်တာများသည်။ထို့ကြောင့်ပင်မောင့်
အားမပြောပဲအောင့်အီးသည်းခံသည်များက
များများလာရပေတော့သည်။မောင်နဲ့ယူမယ်ဆိုတုန်းကနှစ်ဖက်မိဘများက
ကန့်ကွက်ကြသည့်အပြင်ရွှေနုတို့အားရွံစရာလိုလို
စိတ်ပျက်စရာလိုလိုတောင်အထင်ခံခဲ့ရသေး၏။"မိန်းမအချင်းချင်းကွာ .. မရှက်ဘူးလား
မယ်ရွှေနုရဲ့"ဟူ၍ဖေဖေ့လက်ဝါးတစ်ချက်ပါးပြင်ပေါ်ကျရောက်
ခြင်းနှင့်အတူ'မိန်းမအချင်းချင်း'ဟူသောထိုစကား
ကရင်ဝကိုဆောင့်ကန်လိုက်သည်။
YOU ARE READING
"Collection of Short Stories"
Historia Cortaဝတ္ထုတိုများကိုဒီမှာဖတ်ပါ ၊ အများကြီးရေးချင်တာမို့ တစ်ပုဒ်ပြီးတစ်ပုဒ်ထပ်ဖြည့်သွားမှာပါ ♡