"အရိပ်" (one short)

802 53 0
                                    

စနေထောင့်။

အချိန်ဟာနံနက်ကိုးနာရီဖြစ်၍နေရာဟာ
တောင်ပေါ်မြို့တစ်မြို့၏တောင်ထိပ်ကစေတီလေးမှာပဲဖြစ်လေသည်။နေ့ရက်မှာစနေနေ့။

စေတီတည်ရှိရာလမ်းကလေးအတိုင်းအောက်သို့
တည့်တည့်ဆင်းလာမည်ဆိုပါကကိုရင်ငယ်တို့
စာအံနေသံကိုကြားရမည့်ပရိယတ္တိစာသင်တိုက်ဘုန်းကြီးကျောင်းလည်းရှိနေသေးသည်။

တလွင့်လွင့်ဖြင့်လေရိုက်ခတ်ရာသို့မျောပါနေသော
အသားရောင်ထိုဇာပုဝါစလေးသည်ကြက်သွေး
ရောင်ရင်ဖုံးအင်္ကျီလေး၏ပုခုံးထက်၌လျှောကျ
‌တော့မယောင်နှင့်ကပ်ငြိနေပြန်သည်။

သူမမှာကြောက်ရွံ့အားနာခြင်းရောစပ်ထားသည့်
အပြစ်စိတ်တစ်ခုစိုးမိုးနေခဲ့သည်မှာလည်းအချိန်တစ်ခုရှိပြီဖြစ်သည်။သူမဟာအမြဲဖျော့တော့မှိုင်း
နေတတ်၏။

လူထဲကလူတစ်ဦးပေမို့သူမမှာလည်း
အမှားမကင်းနိုင်ချေ။

အင်း .. မင်းမောင်။ထိုအမှား၏တစ်စိတ်တစ်ဒေသတွင်မင်းမောင်လည်းပါဝင်ခဲ့ခြင်းမှာမလွဲ။

'အမှား'။အမှားဆိုခြင်းသည်ကအမျိုးမျိုးရှိသည်
မဟုတ်ပါလား။ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တာမဟုတ်သည့်ထိုအမှားကြီးမှသူမကိုလွန်မြောက်
စေချင်မိပြီ။

တစ်ပါးသူ၏စိတ်ဆိုသည်မှာမိမိကိုင်တွယ်
ပြုပြင်နိုင်သည့်အရာမျိုးမဟုတ်ပါသောကြောင့်
သူမအားလွတ်မြောက်စေချင်သည်မှာဆန္ဒတစ်ခုနေရာ၌သာရပ်တန့်တည်ရှိနေရရုံကလွဲလို့‌ရောဘာများတတ်နိုင်ပါမတဲ့လဲ။

သစ္စာပန်းတွေကိုစနေထောင့်မှာပူဇော်အပြီး၌
ကျွန်မရှိရာသို့ဖြေးဖြေးချင်းလျှောက်လှမ်းလာ
‌သောအခါလှပကျော့ရှင်း၍ရိုးအေးသည့်နေပုံ
ထိုင်ပုံနှင့်ဖြူစင်သောသူမကိုသနားသဖြင့်ရိပ်စားကြည့်မိသည်။

"သွားစို့"

ကြက်သွေးရောင်အင်္ကျီနှင့်ကီမိုနိုအပွင့်ရိုက်
အနက်ခံထဘီသည်တွဲဖက်ဝတ်ဆင်ထားသူ၏
ခန္ဓာ၌လှပတင့်တယ်လွန်းနေပါ၏။သူမဟာ
ပေါ်ပေါ်လွင်လွင်ရှိသည့်အဆင်မျိုးဝတ်လေ့
ဝတ်ထမရှိသူမို့လည်းယနေ့လိုရှားရှားပါးပါးလှနေသည်မှာမြင်ရခဲ။

"Collection of Short Stories"Where stories live. Discover now