"မုန့်ဖိုး" ( one short )

875 69 2
                                    

လူရှင်းသွားပြီမို့အခုမှပဲစိတ်ကြည်နူးမှုတစ်ခု
စတင်လာရလေသည်။တစ်နေကုန်တကုတ်ကုတ်
နဲ့လုပ်နေရတာမို့ညနေမိုးချုပ်ချိန်ကိုတော့မျှော်
မိသား။ဆိုင်ကည ၉ နာရီပိတ်တယ်သာပြောတယ်
တစ်ခါတစ်လေတော်တော်နဲ့လေကြောမပြတ်တဲ့
ဝိုင်းများသာကျလို့ကတော့ထိုးပေတော့၁၀နာရီ။
မိမိအိမ်မဟုတ်တဲ့သူများဆိုင်ကဝန်ထမ်း‌တစ်ယောက်အနေနဲ့နှင်ထုတ်ပစ်လိုက်ချင်စိတ်ကိုလည်း
ချုပ်တည်းထားရတဲ့အခါပေါင်းမကတော့။

"ဒီအလုပ်ကနင်နဲ့မကိုက်ပါဘူးဟယ် .. နင်က
စိတ်ကူးယဉ်သမား၊ ကဗျာတွေစာတွေနဲ့ထိတွေ့
ရတာကြိုက်ပြီး .. တိမ်စိုင်တွေကိုမော့ကြည့်လိုက်
ပန်းလေးတွေ ကိုနမ်းရှိုက်လိုက်လုပ်ချင်တာမလား"

ဟေမာန်ပြောတုန်းကခြည်ခြည်တွေဝေ
မိသေးသည်။

"ဟင်း .. တခြားအလုပ်ကလည်းရှာမတွေ့ခင်
အထိတော့ဒီလိုပဲနေရဦးမှာပေါ့ဟာ .."

"တခြားအလုပ်ကိုလည်းငါအားမပေးပါဘူး ..
နင့်လိုကျော့ကျော့ကလေးနေပြီးနုနုဖက်ဖက်
လက်ကလေးတွေနဲ့မိန်းကလေးကသူများပေးတဲ့
လစာယူပြီးသူများအလုပ်မှာဝင်လုပ်နေသမျှ
အဆင်ပြေမယ်မထင်မိပါဘူး .. ငါပြောချင်တဲ့
အဓိပ္ပာယ်ကဟာ .. နင့်လိုပျော့တိပျော့ညံ့လေးက
သူများတွေအခက်အခဲလို့တောင်မသတ်မှတ်တဲ့
ပြဿနာမျိုးကိုနင့်အနေနဲ့မိုးလောက်ကြီးမျှခံစား
နေရတာမျိုးကဥပမာပေါ့"

ဟေမာန်ပြောတာကိုခြည်ခြည်သဘောပေါက်ပါသည်။ဟေမာန်ကခြည်ခြည့်ကိုအသက်မွေးဝမ်း
ကျောင်းပညာလေးနဲ့ကိုယ်ပိုင်အလုပ်တစ်ခုလုပ်
စေချင်တာပင်ဖြစ်သည်။

တစ်လောကဆိုင်မှာလူအရမ်းကျတဲ့
ပွဲတော်ရက်တစ်ရက်ဖြစ်လေတော့ခြည်ခြည်‌တို့
တွေခြေကျင်းလိမ်အောင်ပြေးရလွှားရသည်။

"ဟို .. ညီမရေ ၊ အချဉ်‌ရည်ထပ်ချပေးဦးနော်"

"ဟုတ်ကဲ့ ၊ ဟုတ်ကဲ့"

သီတာအေးရဲ့မျက်နှာကဒီဘက်ကိုပြန်လှည့်
ပြီးတာနဲ့ချက်ချင်းမဲ့သွားတော့၏။ဧည့်သည်ကို
ပြုံးရွှင်ပြနေသည့်ဟန်‌ဆောင်မျက်နှာလှလှလေးက
ချက်ချင်းပင်ကိုယ်သို့ပြောင်းသွား၏။

"Collection of Short Stories"Where stories live. Discover now