Unicode
ရိပေါ်အမည်မသိသခင်လေးဆီကပြန်ရောက်ထဲက သူ့နန်းဆောင်တွင် စာအုပ်ထိုင်ဖတ်နေသည်။
"အိမ်ရှေ့စံ ကိုယ်ရံတော်ချန်ကဝင်ခွင့်ပြုဖို့ခွင့်တောင်းနေပါတယ်။"
"အင်း ဝင်ခွင့်ပြုလိုက်"
ရိပေါ်လဲကိုယ်ရံတော်ချန်ကိုဝင်ခွင့်ပြုလိုက်ပြီး ဖတ်လက်စစာအုပ်ကိုပိတ်ကာ လာရင်းကိစ္စကိုမေးမြန်းဖို့ စောင့်နေလိုက်သည်။
"အိမ်ရှေ့စံကိုဂါဝရပြုပါတယ်"
"အင်း လာရင်းကိစ္စသာလျှောက်တင်ကိုယ်ရံတော်ချန်"
"ဟိုအမည်မသိသခင်လေးကို အဝတ်အစားလဲပေးပြီးလျှော်ဖွတ်ပေးဖို့ယူသွားတဲ့ အပျိုတော်လေးတွေကဒါလေးတွေ့လို့လာပေးသွားပါတယ်"
ကိုယ်ရံတော်ချန်ကပြောပြီးအိမ်ရှေ့စံလက်ထဲကို ကျောက်စိမ်းပြားလေးတစ်ပြားပေးလာတယ်။ကျောက်စိမ်းပြားလေးပေါ်တွင်အမည်နာမနဲ့တူသောစာလုံးလေးနှစ်လုံးထွင်းထားတယ်။ထိုစာလုံးတွေကိုရိပေါ်ကအသံထွက်ဖတ်ကြည့်လိုက်သည်။
"ရှောင်းကျန့်"
"ဟုတ်ပါတယ်အိမ်ရှေ့စံ။ဒါဟိုသခင်လေးရဲ့အမည်ဖြစ်နိုင်ပါတယ် မျိုးရိုးနာမည်မပါပေမဲ့နာမည်သိတော့နောက်ကြောင်းစုံစမ်းရတာလဲလွယ်ကူမယ်လို့ထင်ပါတယ်အိမ်ရှေ့စံ" (ဒီထဲမှာ "ရှောင်းကျန့်"ကနာမည်လို့ဘဲမှတ်ထားပေးနော်မျိုးရိုးနာမည်ကလဲရှောင်းဆိုပေမဲ့ မသိသလိုရေးချင်လို့ပါ။)
ရိပေါ်စိတ်ထဲတွင်တော့ 'နာမည်လေးကလှသလို ရုပ်လေးကလဲကြွေရုပ်လေးလိုချောမောလွန်းတယ်လို့'တွေးထင်လိုက်သည်။
"ဒါဆို မင်းတို့ဒီသခင်ငယ်လေးရဲ့အကြောင်းကိုစုံစမ်းလို့ ပိုအဆင်ပြေသွားတာပေါ့။နောက်ပြီး သူ့အကြောင်းကိုစုံစမ်းတဲ့အခါတစ်ခြားလူတွေသိပ်ပြီးမရိပ်မိအောင် သိုသိုသိပ်သိပ်နဲ့စုံစမ်း သူ့ကငါကိုယ်တော်တို့ဆီရောက်လာတုန်းကလဲဒဏ်ရာတွေနဲ့ဆိုတော့ ဘယ်လိုဘဲဖြစ်ဖြစ်မသမာသူတွေသိသွားရင် စုံစမ်းရာမှာလဲအခက်ခဲဖြစ်မယ်"
"အမိန့်တော်အတိုင်းပါ အိမ်ရှေ့စံ"
"ဒါလျှောက်တင်မလို့မလား အခုပြန်လို့ရပြီ"