《7》

205 17 4
                                    

Unicode

နောက်တစ်နေ့နံနက်တွင်.....

"ရှောင်းငယ် နေမမြင့်ခင်သွားမှလေ့ကျင့်ရတာအဆင်ပြေတာ မြန်မြန်လုပ်"

"လာပြီ လာပြီ"

လူကနောက် အသံကအရင်စွာပြီးအဆောင်ထဲကနေပြေးထွက်လာသူလေးရဲ့အလှကြောင့်သူမှာငေးကနဲ့ဖြစ်သွားရတယ်။ခါတိုင်းနေ့တွေလိုအဖြူရောင်ဝတ်စုံလေးနဲ့မဟုတ်ဘဲ ဒီနေ့မှထူးထူးခြားခြားအနီရောင်နဲ့အမဲရောင်စပ်ဝတ်စုံလေးကို ဝတ်ထားတဲ့ရှောင်းငယ်လေးကတကယ်လှတယ်။ဆံနွယ်ရှည်တွေကိုဖဲကြိုးနီလေးနဲ့တစ်လွှာသိမ်းစီးထားပြီး ပြေးလာပုံကဇာမဏီငှက်ငယ်လေးခုမှမီးတောက်အတက်ကိုစသင်သလို့ စိတ်လှုပ်ရှားရွှင်မြူးနေပုံနဲ့တောင်ဆင်သည်။

"ဖြည်းဖြည်းလာတာမဟုတ်ဘူး။မတော်တဆထိခိုက်မိကုန်ရင်ဘယ်လိုလုပ်မလဲ။ကိုယ့်ကိုစိတ်ပူရအောင်အမြဲလုပ်တယ်"

"ဘာမှမဖြစ်ပါဘူးလူကြီးကြီးရယ်။ကျွန်တော်ကလူကြီးတစ်ယောက်ပါနော် သုံးနှစ်ကလေးလေးမဟုတ်ဘူးဆိုတာသိထား။"

''ဘယ်လိုဘဲအရွယ်ရောက်နေပြီပြောပြော ကိုယ့်မျက်လုံးထဲတော့မင်းကိုသုံးနှစ်သားလေးလို့သာမြင်တယ် ရှောင်းငယ်´´

"ဘာမှမဖြစ်လို့ဒီစကားပြောနိုင်တာလေ ဖြစ်များဖြစ်သွားရင်ဘယ်လူကြီးလေးလဲမသိပါဘူး မျက်ရည်လေးစမ်းစမ်းနဲ့ငိုမဲ့မဲ့ဖြစ်တာ။ကိုယ်နဲ့ရှောင်းငယ်သိတာမကြာသေးပေမဲ့ ရှောင်းငယ်အကြောင်းတွေကိုယ်အလွတ်တောင်ရနေပြီ သိလားကလေးလေးရဲ့။"

"အရင်ကမသိတောင် အခုသိပြီမို့‌မြားပစ်သွားကျင့်မယ်လေ။လူကြီးကြီးပြောပြီးမေ့ချင်ယောင်ဆောင်နေတာပေါ့လေ ဟုတ်လား။"

"ဖြစ်ရတယ်ဗျာ။ မေ့ချင်ယောင်ဆောင်မှတော့လာခေါ်ပါ့မလား အခုလာခေါ်နေပြီကို လာမြန်မြန်သွားကြမယ်။နေမြင့်ရင် အပူရှပ်လိမ့်မယ်ကလေးလေး။"
ရိပေါ်လဲရှောင်းငယ်ကိုခေါ်ပြီးမြားပစ်လေ့ကျင့်တဲ့ကွင်းထဲကိုဝင်လိုက်တော့ ကိုယ်ရံတော်ချန်နဲ့အတူတူလေ့ကျင့်ရေးဆင်းနေတဲ့အိမ်ရှေ့စံရဲ့ကိုယ်ရံတော်တပ်ဖွဲ့က အံ့သြသွားပြီး သူတို့ကိုမျက်လုံးအပြူးသားနဲ့လှမ်းကြည့်လာကြလို့ ရှောင်းကျန့်မှာလန့်တောင်သွားရတယ်။အဓိကရှောင်းကျန့်လန့်သွားတဲ့အကြောင်းရင်းက ကိုယ်ရံတော်တွေကလေ့ကျင့်ရေးလုပ်နေတာမို့အကုန်သူအပေါ်ပိုင်းဗလာဖြစ်နေသလို နန်းတွင်းထဲတွင်အိမ်ရှေ့စံပြီးရင်ကိုယ်ရံတော်တပ်ဖွဲ့လောက်ခန္ဓာကိုယ်တောင့်တင်းသူများမရှိလို့ကြားဘူးတဲ့အတွက် သူတို့ရဲ့အပေါ်ပိုင်းကြွက်သားများကိုမြင်လိုက်ရပြီးလန့်သွားခြင်းသာဖြစ်သည်။

♡。မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡。Where stories live. Discover now