Unicode
"မယ်တော် သားတော်ရဲ့ကောင်လေးကိုဘာမဟုတ်ဒါတွေမေးနေတာလဲ"
မိဖုရားကြီးမှာပြောချင်တဲ့ဆိုလိုရင်းတောင်မရောက်ခင်နောက်ကသားတော်မောင်ရဲ့အသံကြောင့် ပြောမဲ့စကားများလမ်းတဝက်တွင်ပျောက်သွားတော့တယ်။ဒီကလေးပြောတော့သူ့သားနဲ့ဒီတိုင်းကျေးဇူးရှင်လို့ဆက်ဆံရေးမျိုးဆို ခုတော့ငါ့သားကသားတော်ရဲ့ကောင်လေးဆိုပါလား။ဘယ်သူ့စကားကအမှန်လဲဟယ်။
"ဟာ လူကြီးကြီးလာတယ်။လာလာဒီမှာလူကြီးကြီးရဲ့မယ်တော်ကကျွန်တော့ဆီလာလည်တာတဲ့ ထိုင်လေ။"
"ကျန့်ငယ်ကိုယ် မုန့်တွေယူလာတယ်။အဲ့တာနန်းဆောင်ရှေ့ကစားပွဲမှာသွားစားနေနော် ကိုယ်ဒီမှာမယ်တော်နဲ့ပြောစရာရှိလို့"
"ဟုတ်ကဲ့။မယ်တော် ကျွန်တော်သွားအုံးမယ်နော်"
"အေး အေး"
ရိပေါ်ရဲ့မယ်တော်လဲကြောင်တောင်တောင်ဖြစ်သွားတော့တယ်။သူ့သားတော်ကဘာလို့ အဲ့ကလေးကိုရှောင်ခိုင်းလိုက်တာလဲ။သူနဲ့ဘာပြောစရာရှိလို့လဲ။
"ပြောပါအုံးမယ်တော် သားတော်ရဲ့ကောင်လေးကိုဘာတွေများမေးမြန်းစပ်စုချင်နေတာလဲဗျ။မယ်တော်သိချငိရင်သားတော်ကိုတိုက်ရိုက်လာမေးလေ ကျန့်ငယ်ကဘာမှသိတာမဟုတ်ဘူး သားတော်ကဘဲအားလုံးဖြေပေးနိုင်တာ။"
သားတော်ရဲ့မေးလေဆိုတဲ့မျက်နှာထားက မေးစရာမလိုအောင်ပြည့်စုံနေတော့ မယ်တော်ကဘာမေးရတော့မှာလဲ။ဒါပေမဲ့သေချာအောင်တော့မေးရမယ်။
"သားတော်နဲ့အဲ့ကလေးက ဘယ်လိုဆက်ဆံရေးလဲ။သူ့ကိုမေးတော့သူကကျေးဇူးရှင်ဆိုတာထက်ဘာမှမပိုသလိုဖြေသွားတယ်နော်။ဒါမှမဟုတ်သားတော်ကများ အဲ့ကလေးအပေါ်စိတ်ရှိနေတာလား။"
"အင်း"
အမယ်လေးဘုရားရေ သူ့သားတော်ကတကယ်ကြီးပေါ့လေ။အဲ့ကလေးအပေါ် သူထင်တော့ထင်သားဘဲ သားတော်လိုလူမျိုးကလူတစ်ယောက်ကိုဒီလိုလွယ်လွယ်မကူညီတက်ပါဘူး။
"ဒါဆိုမယ်တော်ထင်တာမှန်ဒါပေါ့ မင်းဘယ်ချိန်ထဲကအဲ့ကလေးအပေါ်စိတ်ရှိနေတာလဲ။"