《8》

317 20 1
                                    

Unicode

နေ့စဉ်နေ့တိုင်း တက်‌ရောက်နေကျညီလာခံသည် ဒီနေ့မှထူးထူးခြားခြားစိတ်ရှုပ်စရာကောင်းနေတယ်ထင်ရသည်။

"ဒါဆိုမောင်မင်းတို့ပြောပုံအရဆိုရင် ကိုယ်တော်ကအိမ်ရှေ့စံကိုပါ ရောဂါဖြစ်နေတဲ့ဒေသကိုသမားတော်တွေနဲ့အတူစေလွှတ်ရမယ်ပေါ့။ဒါဘယ်လိုတောင် အဓိပ္ပာယ်မရှိလိုက်တဲ့စကားလဲ!!"

မင်းကြီးဒေါသထွက်နေမှန်းသိတာနဲ့မှူးမတ်များကတညီတညွှတ်ထဲ အသဲအသန်တောင်းပန်ကြတော့သည်။

"မင်းကြီးခွင့်လွှတ်ပေးတော်မူပါ ဘုရား!!!"all

"ကျွန်တော်မျိုးတို့​အဆိုကို မင်းကြီးသေချာပြန်စဥ်းစားပေးတော်မူပါ။အိမ်ရှေ့စံကတစ်ချိန်ကျရင် မင်းကြီးနေရာကိုဆက်ခံမဲ့သူမို့လို့ အခုချိန်ထဲကပြည်သူတွေဆီကယုံကြည်မှု၊လေးစားမှုနဲ့အတူ အိမ်ရှေ့စံကိုအားကိုးလာအောင်လုပ်ထားသင့်ပါတယ် ဘုရား။"

"ပြန်စဥ်းစားပေးတော်မူပါဘုရား!!!" all

မှူးမတ်တွေပြောတာလဲ ဟုတ်နေတဲ့အတွက် မင်းကြီးလဲစဥ်းစားရတော့သည်။တစ်ဖက်ကလဲသူအရမ်းချစ်ရတဲ့သူ့သားတော်လေး ဟောတစ်ဖက်ကျပြန်တော့လဲသူရင်နဲ့မခြားအုပ်ချုပ်နေရတဲ့ပြည်သူတွေ တကယ့်ကိုရွေးချယ်ရခက်နေတော့သည်။

ရိပေါ်ခမည်းတော်ကိုလှမ်းကြည့်လိုက်တော့ အလွန်အဆင်မပြေဖြစ်နေတာကိုတွေ့ရသည်။ခမည်းတော်ကသူ့အတွက်စိုးရိမ်နေတာမှန်ပေမဲ့ သူကတိုင်းပြည်ရဲ့အိမ်ရှေ့စံလေ ပြည်သူတွေဒုက္ခရောက်နေတာကိုတော့လက်ပိုက်ကြည့်မနေရက်ပါဘူး။သူကူညီနိုင်တဲ့ဘက်ကကူညီရမယ်။သူသွားဖို့ဆုံးဖြတ်လိုက်ရင် ခမည်းတော်လဲအကြပ်ရိုက်နေစရာအကြောင်းမရှိတော့ဘူးပေါ့။

ရိပေါ်အရှေ့ထွက်လာတာကိုမြင်တော့ မှူးမတ်တွေကအားတက်သရောမျက်လုံးတွေနဲ့လှမ်းကြည့်လာကြသည်။ခမည်းတော်ကတော့ သူ့ကိုမျက်မှောင်ကြီးကြုတ်ပြီး စူးစူးရဲရဲစိုက်ကြည့်နေတော့သည်။

"ခမည်းတော် သားတော်ရောဂါဖြစ်တဲ့ဒေသကိုသမားတော်တွေနဲ့အတူသွားဖို့သဘောတူပါတယ်။ဒီကိစ္စစုံစမ်းတုန်းကလဲ သားတော်ကိုယ်တိုင်ဘဲဆိုတော့ အခုလဲသားတော်လိုက်သွားရင်ပိုအဆင်ပြေတာပေါ့။"

You've reached the end of published parts.

⏰ Last updated: Dec 17, 2023 ⏰

Add this story to your Library to get notified about new parts!

♡。မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡。Where stories live. Discover now