《5》

238 19 0
                                    

Unicode

"မယ်မယ်ကြီးရှင့် မိဖုရားကြီးရောက်နေပါတယ်"

"ဝင်ခွင့်ပြုလိုက်"

"မယ်မယ်ရှင့် ဝင်လို့ရပါပြီ"

"လာ လာ သမီးတော်။မယ်မယ်ကြီးကမျှော်နေတာ"

"မယ်မယ်ကြီးသမီးတော်ကို ဘာကိစ္စပြောဖို့ဒီလိုအလောတကြီးခေါ်ရတာလဲဟင်"

"မယ်မယ်ကြီးသမီးတော်ကို ပြောပြချင်လို့။သမီးတော်ရဲ့သားတော်လေးက အခုကောင်လေးတစ်ယောက်ကိုကယ်ပြီးသူ့အနားမှာခေါ်ထားတယ်ဆိုတာသိပြီးပြီလား။"

"သမီးတော်မသိရသေးဒါအမှန်ပါ။သမီးတော်က ဒီရက်ထဲဘုရားဝတ်ပြုနေလို့နန်းတော်ထဲကသတင်းတွေမကြားမိလိုက်တာပါ။"

"ထင်တယ် ဒါကြောင့်မယ်မယ်ကြီးကအခေါ်လွှတ်လိုက်တာပေါ့။မြေးအိမ်ရှေ့စံကလူကယ်ဒါတောင်အချောလေးမှရွေးကယ်ထားဒါသမီးတော်ရေ။"

"မယ်မယ်ကြီးကသွားတွေ့ပြီးပြီလား။"

"မယ်မယ်ကြီးကသွားတွေ့တာမဟုတ်ဘူး။ဟိုနေ့ကမယ်မယ်ကြီးနန်းဥယျာဥ်နားမှာတွေ့ခဲ့တာ။သူတို့ကတော့မယ်မယ်ကြီးကိုမမြင်ပါဘူး သူတို့ဘာသာပျော်ရွှင်နေကြတာ။မြေးအိမ်ရှေ့စံကလဲတော်တော်လေးကိုရွှင်မြူးနေပုံပေါ်တယ်။"

"မယ်မယ်ကြီးပြောပုံအရဆို သားတော်ကဒီကလေးပေါ်တော့တစ်ခုခုထူးခြားလောက်တယ်။အရင်ကလူတွေဆို တော်ရုံခေါ်ပြောဒါကလွဲရင် တစ်အားရယ်ရယ်ပြုံးပြုံးမရှိဘူးလေ။သမီးတော် ဒီနေ့ဘဲသွားပြီးအဲ့ကလေးအခြေနေကိုသွားကြည့်လိုက်ပါမယ်။"

"တအားကြီးကလေးတွေကို အနေရခက်အောင်သွားမလုပ်သေးနဲ့နော် သူတို့လေးတွေအေးဆေးနေပါစေ။"

"သမီးတော် သူတို့ကိုမနှောင့်ယှက်ပါဘူးမယ်မယ်ကြီးရယ်။သမီးတော်ရဲ့ သားတော်နဲ့အဲ့ကလေးအခြေနေလေးကိုသိချင်ယုံပါ။"

"အေးအေး ဒါဆိုလဲသမီးတော်သဘောပါ။"

"မယ်မယ်ကြီးကိုသမီးတော် နှုတ်ဆက်ပါတယ်။"

မိဖုရားကြီးလဲမယ်မယ်ကြီးဆီကပြန်လာတာနဲ့အိမ်ရှေ့စံရဲ့ဆိတ်ငြိမ်ဆောင်ရှိတဲ့ဘက်ကိုခြေလှမ်းလှည့်ခဲ့တယ်။သူ သူ့သားတော်နဲ့ဟိုကလေးအကြောင်းကိုတော်တော်လေးသိချင်နေမိပြီ။

♡。မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡。Where stories live. Discover now