《2》

477 30 2
                                    

ရှောင်းနိုင်ငံနန်းတွင်းထဲတွင်သားတော်လေးပျောက်ဆုံးလို့ဝမ်းနည်းနေတဲ့ မိဘနှစ်ပါးရှိသည်။

"မင်းကြီးရှင့် သားတော်လေးကဘယ်လိုဖြစ်လို့ပျောက်သွားရတာလဲ။ကိုယ်ရံတော်တွေသေချာထည့်ပေးလိုက်တာတောင်ဘာလို့ အခုလိုဖြစ်ရတာလဲ။ကျွန်မသားလေးအသက်ရှင်သေးဖို့နတ်ဒေဝါတွေဘဲအားကိုးရတော့မှာလား။"

ရှောင်းမိဖုရားကသားငယ်လေးပျောက်ဆုံးမှုအတွက်ဖြေမဆည်နိုင်ဖြစ်နေရသလို ရှောင်းမင်းကြီးကမိဖုရားဝမ်းနည်းမှုကိုဖြေသိမ့်မ​ပေးနိုင်သလိုသူ့ရင်ထဲလဲပူလောင်နေမှုကအတိုင်းအဆမရှိပါ။

"မငိုပါနဲ့ကွာ သားတော်ကအမြဲတမ်းတခြားလူတွေအပေါ်မှာစိတ်ကောင်းစေတနာကောင်းနဲ့ဆက်ဆံသူမို့ သူဒုက္ခရောက်တဲ့အချိန်မှာလဲ ကယ်ဆယ်မဲ့သူနဲ့တွေ့မှာပါ။အခုကသေသွားတာမှမဟုတ်တာ ပျောက်သွားတာလေ။ပျောက်သောသူကြာရင်တွေ့ပါတယ် ကိုယ်တို့သားတော်လေးလဲပြန်တွေ့မှာပါကွာ။"

"သူ့အစ်ကိုတော်ရှောင်းကျင်းလဲလျှို့ဝှက်ရှာဖွေနေ‌လို့မကြာခင်တွေ့မှာပါ။"

"ဒါပေမဲ့ရှင် သားတော်လေးကသာမန်လူမဟုတ်တော့ပိုစိုးရိမ်တာပေါ့။"

"အဲ့သာမန်လူမဟုတ်လို့ကို သားတော်ကိုမစိုးရိမ်ဖို့ပြောတာမင်းတအားလျောက်တွေးမနေပါနဲ့ကွာ။အကြောင်းရှိလို့သာအကျိုးဖြစ်လာတာမို့ ကံကိုသာယုံလိုက်ပါ။"

"သားလေးကိုမြန်မြန်ပြန်တွေ့အောင်ဆောင်မပေးတော်မူပါဘုရား"

ရှောင်းမင်းသားငယ်ပျောက်ဆုံးမှုကိုလျှို့ဝှက် စုံစမ်းရတဲ့အကြောင်းကတော့ ရှောင်းမင်းကြီးကသားတော်နှစ်ယောက်ရှိတယ်ဆိုတာကိုလူရင်းတွေကိုသာအသိပေးထားပြီး တခြားလာတွေကိုသားတော်တစ်ပါးထဲသာရှိကြောင်းအသိပေးထားလို့ပါ။

ရှောင်းမင်းသားငယ်လေးကမွေးလာထဲကသူများနဲ့မတူတဲ့စွမ်းအင်တစ်မျိုးနဲ့မွေးဖွားလာတာကြောင့် မသမာသူတွေမျက်စိကျပြီးနန်းတွင်းမှာပိုရှုပ်ထွေးသွားမှာဆိုးလို့ အခုလိုဖုံးကွယ်ထားရတာဖြစ်တယ်။အခုတော့သားငယ်လေးပျောက်ဆုံးမှုကိုတရားဝင်ရှာဖွေဖို့မလွယ်တာ
ကြောင့် ပိုပြီးကြန့်ကြာကုန်ပြီ။

♡。မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡。Where stories live. Discover now