ဟယ်လို မင်္ဂလာပါ Seven_Junefoolပါ~
ဒီတစ်ခေါက်မှာတော့ ကျွန်တော်ရဲ့Sookaistတို့အတွက် အရင်က ကျွန်တော်ရေးထားဖူးတဲ့ Anime otpတစ်ခုကို Sookai version, remakeပြန်ရေးပေးထားပါတယ်။
Anime otpကိုပြန်ရေးထားတာမလို့ Japanese themeဘက်ကိုတော့ နည်းနည်းပိုရောက်သွားပါတယ်။
ဖတ်ပြီး ခံစားပေးကြပါဦး♡__나의 BlueSpring__
လူတွေကပြောကြတယ်။ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာတော့ မင်းရဲ့ဖြစ်တည်မှုအစစ်အမှန်ကို ချစ်မြတ်နိုးပေးမယ့်လူတစ်ယောက်ဟာ သေချာပေါက်ရှိနေပါတယ်တဲ့။
ဒီစကားဟာ မှန်လားမှားလား။အခုလို နှင်းတွေစိုရွှဲနေတဲ့ ဆောင်းညမျိုးမှာ မီးလင်းဖိုအကူအညီကိုမယူဘဲ သူ့အိပ်ယာခင်းကို နွေးအောင်လုပ်ပေးနိုင်မယ့်သူက ဘယ်မှာများလဲ။ နှစ်ဆယ့်နဲ့မှခြောက်နှစ်လုံးလုံး တစ်ခါလေးမှ ပေါ်မလာခဲ့ပဲ အဲ့ဒီလူက ဘယ်မှာရှိနေခဲ့တာလဲ။
အချစ်စစ်ဆိုတာကြီးက တကယ်တမ်း သောက်ရမ်းမုန်းဖို့ကောင်းတယ်။အဲ့ဒီသောက်ရမ်းမုန်းစရာကောင်းတဲ့ အချစ်စစ်ဆိုတာကြီးကို စောင့်နေခဲ့မိလို့ သူ့အသက်နှစ်ဆယ့်ခြောက်နှစ်အထိ ကြုံရာကျပန်း ရည်းစားလေးတစ်ယောက်တောင် မထားခဲ့ဖူးတာ။ တစ်ကိုယ်တည်း အရမ်းအထီးကျန်လွန်းတယ်။
ငယ်ရွယ်စဥ်တုန်းက ကျောင်းမှာ လာကြိုက်တဲ့ ကောင်မလေးတစ်ယောက်တောင် မရှိဘူးလားလို့ လာမေးရင် မခံချင်စရာပါ။
သူက တက္ကသိုလ် မတက်ခဲ့ပါဘူး။အထက်တန်းတုန်းကတော့ လာကြိုက်တဲ့ ကောင်မလေးတွေရှိခဲ့ဖူးပါတယ်။ဒါပေမယ့် အများစုက အနေတည်တံ့တဲ့ သူ့ရဲ့ ပုံစံကိုကြည့်ပြီး အေးစက်တဲ့ သွေးအေးလူသားလို့ အထင်အမြင်လွဲမှားကာ အနားကိုမကပ်ရဲခဲ့ကြဘူး။ အလွန်ဆုံးမှ lockerပေါ်မှာ stickynoteနဲ့ ရည်းစားစာအတိုအထွာလေးတွေ လာကပ်တာမျိုး၊ ထိုင်ခုံအောက်မှာ ချိုချဥ်ရောင်စုံလေးတွေ လာထားကြတာမျိုးအထိပါပဲ။
ဆယ်ကျော်သက်အရွယ် တစ်ယောက်နဲ့တစ်ယောက် အဝေးကမြင်နေရတာလေးကိုတောင် ကျေနပ် သဘောကျနေရတဲ့ အရွယ်မျိုးမှာ ခိုးကြောင်ခိုးဝှက်နဲ့ ပို့လာကြတဲ့ ရည်းစားစာတွေ ချိုချဥ်တွေရဲ့ ပိုင်ရှင်တွေကို သူက ဘယ်လိုလုပ်သိနိုင်မှာတဲ့လဲ။
YOU ARE READING
BlueSpring | Sookai
FanfictionWritten in Myanmar(Burmese) TXT_Soobin & HueningKai Sookai fanfiction