"အဲ့ဒါ သူလား.."
"ဟုတ်တယ်.. အဲ့ဒါသူမလား.."
"ငါတို့ သွားပြီးတော့ မိတ်ဆက်သင့်လား.."
ခပ်ကြိတ်ကြိတ် ပြောဆိုနေကြတဲ့ ကျောင်းသူတစ်ချို့ရဲ့ တီးတိုးစကားဝိုင်းက တိတ်ဆိတ်နေတဲ့ အခန်းတွင်းမှာဖြစ်တာကြောင့် အနည်းငယ် ဆူညံစပြုလာတယ်။
ဆူဘင်း အိပ်ရာက နိုးလာတဲ့အခါမှာ မှန်ပြတင်းတံခါးကတစ်ဆင့် နေရောင်စူးစူးဟာ သူ့မျက်နှာတည့်တည့်ကို ကျရောက်နေတယ်။
နေ့လည်ခင်းထမင်းစားနားချိန်ကတည်းက ဆူဘင်းက စာကြည့်တိုက်မှာ လာထိုင်နေခဲ့တာ ဖြစ်တယ်။ စာဖတ်ဖို့ရယ်လို့လဲ မယ်မယ်ရရမဟုတ်သလို တကူးတက အတန်းချိန်လစ်လာခဲ့တာမျိုး မဟုတ်ပေမယ့် ဆူဘင်း စာကြည့်တိုက်မှာ ထိုင်နေခဲ့တာ အခုဆို ညနေပိုင်းကျောင်းဆင်းချိန်ကိုတောင် ရောက်နေပြီ။
နေ့လည်ခင်းတုန်းက ဆူဘင်းက စာကြည့်တိုက်ထဲမှာ နီးစပ်ရာစာအုပ်စင်က စာအုပ်နှစ်အုပ်လောက်ကို ရွေးယူပြီးတဲ့နောက် ပြတင်းပေါက်အနားက စားပွဲဝိုင်းမှာ ကျကျနနထိုင်ပြီး စာဖတ်နေခဲ့တယ်။
ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ခုအကြောင်းကို ရေးသားထားတဲ့ စာအုပ်တစ်အုပ်ကို အဆုံးထိဖတ်ပြီးတဲ့နောက် ဆူဘင်းက နောက်ထပ်စာအုပ်ကို ဆက်လက်ပြီး ဖတ်ရှုချင်စိတ်မရှိတော့ပါဘူး။
ဇာတ်လမ်းထဲက တစ်ချို့သော အကြောင်းအရာတွေကို ပြန်လည်စဥ်းစားရင်းနဲ့ သူ့မျက်လုံးတွေကို အသာအယာမှိတ်ထားခဲ့တယ်။ဝတ္ထုထဲက ဇာတ်ကောင်နှစ်ယောက်ရဲ့ကြားက နက်ရှိုင်းလှတဲ့ အချစ်အကြောင်းကို တွေးမိရင်း ဆူဘင်းနှုတ်ခမ်းတွေကို ခပ်လျော့လျော့ တွန့်ကွေးမိသွားတယ်။သူက အဲ့ဒါကို အနည်းငယ် အားကျနေမိတယ်။
ပြီးတော့ ကျောင်းစာကြည့်တိုက်မှာ ဒီလိုမျိုး စိတ်ကူးယဥ်ဆန်တဲ့ အချစ်ဝတ္ထုစာအုပ်တွေ ရှိနေမယ်လို့ ဆူဘင်းမျှော်လင့်မထားမိဘူး။အဲ့ဒီနောက်မှာ ဆူဘင်း သူ့ရှေ့က စားပွဲခုံပေါ်ကို ခေါင်းတင်ပြီးတော့ အိပ်ပျော်သွားခဲ့တာပဲ။
YOU ARE READING
BlueSpring | Sookai
FanfictionWritten in Myanmar(Burmese) TXT_Soobin & HueningKai Sookai fanfiction