"ကျွန်တော် ပြန်စဥ်းစားလိုက်ပါဦးမယ်..
ဟုတ်ကဲ့သိပါပြီ ဦးလေး..
ကျေးဇူးတင်ပါတယ်.."တစ်ဖက်ခြမ်းက ဆက်သွယ်မှုပြတ်တောက်သွားပြီးတဲ့နောက်မှာ ဆူဘင်း ဖုန်းကို ပိတ်လိုက်တယ်။
အခုချိန်မှာ သက်ပြင်းတစ်ချက် ချလိုက်သင့်လားဆိုတာကိုတောင် မသိတော့ဘူး။အရင်က တည်းခိုဆောင်ကို ရောင်းဖို့အတွက် ဦးလေးကို အကူအညီတောင်းခဲ့တာလဲ သူပါပဲ။အခုကျပြန်တော့လဲ ဆူဘင်းက ရောင်းဖို့အတွက်ကို တွန့်ဆုတ်နေမိပြန်တယ်။
ဒီကြားထဲမှာ မထင်မှတ်တဲ့ အကြောင်းအရာလေးတွေ ဝင်ရောက်လာတာတစ်ချို့ရှိတော့ ဆူဘင်းက တည်းခိုဆောင်ကို ရောင်းဖို့အတွက် စိတ်မပါတော့သလို ဖြစ်သွားခဲ့တယ်။
အထူးသဖြင့် ဟျူနင်းခါအီကြောင့်ပေါ့။နဂိုက သူ့စိတ်ကူးက တည်းခိုဆောင်ကို ရောင်းခဲ့မယ်။ ပြီးရင်တော့ ဒီကနေ ပြောင်းရွှေ့ပြီး တစ်နေရာမှာ ထပ်ပြီးတော့ တစ်ယောက်တည်းပဲ နေမယ်ပေါ့။ အရင်တုန်းကလဲ တစ်ယောက်ထဲနေခဲ့တာဆိုတော့ ထပ်ပြီးတော့ တစ်ယောက်တည်းနေဖို့အရေးကို ဆူဘင်းက ဟိုပြောင်းဒီရွှေ့ လုပ်ချင်နေသေးတာ။
အခုတော့ ဟျူနင်းခါအီကြောင့် ။ ဟျူနင်းခါအီက သူ့ဘဝထဲကို ဝင်လာခဲ့တာကြောင့် နဂိုက ဆူဘင်းတွေးထားခဲ့တဲ့ စိတ်ကူးဟာ လုံးလုံးလျားလျား ပပျောက်သွားရတယ်။
အချိန်တွေ အကြာကြီး။ ပြောရရင်တော့ သူ့တစ်သက်လုံး ဆူဘင်းက ဟျူနင်းခါအီနဲ့ အတူရှိနေသွားချင်တယ်။ ဒါပေမယ့် တစ်ဖက်လူက ဘယ်လို အတွေးမျိုး ရှိနေမလဲဆိုတာကို ဆူဘင်း မခန့်မှန်းနိုင်ဘူး။
ပင်လယ်ကမ်းစပ်က ဒီရေကြောင့် တိုက်စားခံရတဲ့ ကျောက်ဆောင်တွေလိုမျိုး တစ်ချိန်တုန်းက ဟျူနင်းခါအီက ဆူဘင်းရဲ့ နှလုံးသားကို တမြေ့မြေ့တိုက်စားစေပြီးတော့ နေရာယူဝင်ရောက်လာခဲ့တယ်။
အဲ့ဒီနောက် ဟျူနင်းခါအီက ရုတ်တရက်ဆိုသလို အစအနမချန်ပဲ ပျောက်ဆုံးသွားပြီး ထပ်မံပြီးတော့ ခွင့်တောင်းခြင်းမရှိဘဲ သူ့ဘဝထဲကို တစ်ဖန် ဝင်ရောက်လာခဲ့တယ်။အခုတစ်ခါမှာလဲ ဆူဘင်းရဲ့ သဘောတူညီမှုမပါရှိပဲ ဟျူနင်းခါအီက ပြန်လည်ထွက်ခွာသွားမှာကို ဆူဘင်း တကယ်ပဲ စိုးကြောက်နေမိပါတယ်။
YOU ARE READING
BlueSpring | Sookai
FanfictionWritten in Myanmar(Burmese) TXT_Soobin & HueningKai Sookai fanfiction