"Soobin_san.."မနက်စာအတွက် ပြင်ဆင်ရင်း ဆူဘင်း မီးဖိုဆောင်ထဲမှာ အလုပ်ရှုပ်နေတုန်း သံရှည်ဆွဲနေတဲ့ ခေါ်သံကျယ်ကျယ်ကို ကြားလိုက်ရတယ်။ မော့ကြည့်လိုက်တာကြောင့် မျက်ခုံးစပ်က ချွေးတစ်ပေါက်က ကျလုကျခင်အချိန်မှာ ဆူဘင်း မျက်မှန်ကိုဆွဲချွတ်ပြီး ပွတ်သုတ်လိုက်ရတယ်။
ခဏအတွင်းမှာပဲ အသံပိုင်ရှင်က မီးဖိုဆောင်ထဲကို ဝင်ရောက်လာခဲ့တယ်။
"Hana-chan မနက်စာ လာယူတာလား"
ညဝတ်pajamaအင်္ကျီအပေါ်ကနေ ခြုံစောင်အရှည်ကြီးကို ခြုံအုပ်ပြီး အခန်းထဲဝင်လာတဲ့ အမျိုးသမီးငယ်ကို ဆူဘင်းမေးလိုက်တယ်။
ကြမ်းပြင်ပေါ်မှာ တရွတ်တိုက်ဆွဲနေတဲ့ ခြုံစောင်အရှည်ကြီးကိုကြည့်ပြီး မနက်စောစောထပြီး လျှောက်လမ်းပေါ်က သစ်ရွက်အကြွေတွေကို လှဲထားမိတာ တော်သေးတာပေါ့လို့ တွေးမိတယ်။"မဂ်လာ နံနက်ခင်းပါ Soobin_san..
ဒီနေ့လဲ စောစောနိုးနေတာလား...""မင်းက အိပ်ရာထနောက်ကျနေတာပါ.."
"Oh.. ဟုတ်ပါတယ်..
ကျွန်မက အိပ်ရေးကြီးတာကိုး.."နှုတ်ဆက်စကားဆိုရင်း မီးဖိုခန်းထဲကို ဝင်လာတဲ့ အမျိုးသမီးငယ်မှာ ဖြောင့်စင်းနေတဲ့ ဂုတ်ထောက်ဆံပင်ဝဲဝဲက ပွယောင်းနေပြီး နှာခေါင်းပေါ်မှာကပ်ထားတဲ့ ပလာစတာအဟောင်းကြောင့် မျက်နှာမသစ်ရသေးဘူးဆိုတာ ဆူဘင်း အသေအချာပြောနိုင်တယ်။
"ကျွန်မအတွက် မနက်စာရပြီလား..."
"အဆင်သင့်ပါပဲ ယူသွားလို့ရပါပြီ.."
"ဟိုအသည်းကွဲနေတဲ့လူအတွက်ရော.. ကျွန်မယူသွားဖို့ လိုသေးလား..."
"နေပါစေ.. အင်း.. အဲ့ဒါဆိုလဲ အဆောင်ရှေ့ကဖြတ်ရင် အသံပြုလိုက်ပါ... မီးဖိုဆောင်မှာ မနက်စာစားဖို့ အဆင်သင့်ဖြစ်ပြီလို့.."
"ပြောလိုက်ပါ့မယ်... သာယာတဲ့နေ့တစ်နေ့ဖြစ်ပါစေ.. Soobin_san.."
"ကျေးဇူးတင်ပါတယ်..
ချော်လဲဦးမယ် သတိထားသွား..."ဆူဘင်းသတိပေးနေရက်က မနက်စာလင်ဗန်းကိုကိုင်ရင်း ချော်လဲမလိုဖြစ်သွားတဲ့ အမျိုးသမီးငယ်ကို ကြည့်ရင်း သူ ခေါင်းတစ်ချက်ခါမိတယ်။
YOU ARE READING
BlueSpring | Sookai
FanfictionWritten in Myanmar(Burmese) TXT_Soobin & HueningKai Sookai fanfiction