3.

105 19 0
                                    

တောက်..!တောက်.!! တောက်...!!

ဆောင်းတွင်းကြီးမှာ ရုတ်တရက် မိုးရွာချခြင်းက ရာသီဥတုကို ပိုပြီးတော့ အချမ်းကဲစေတယ်။တံစက်မြိတ်က ရေကျသံတတောက်တောက်ဟာ ညီညာတဲ့ ဂီတသံစဥ်တစ်ခုလို စည်းချက်မှန်မှန်နဲ့ သဘာဝကျကျ ထွက်ပေါ်နေတယ်။

ဆူဘင်းက လေသာပြင်တံခါးဝမှာ ထိုင်နေရင်း မနက်တုန်းက နေလှန်းထားပြီးလို့ ခြောက်သွေ့စပြုနေတဲ့ မျက်နှာသုတ်ပုဝါတွေ အထပ်လိုက်ကို ခေါက်သိမ်းနေခဲ့တယ်။

ဆူဘင်းနေထိုင်ရာ တည်းခိုဆောင်ရဲ့ တစ်ဖက်အခန်းမှာ နေရာချထားပေးပြီးတဲ့သူကတော့ မနက်စာစားပြီးကတည်းက အခန်းထဲကိုဝင်သွားခဲ့တာ ပြန်မထွက်လာသေးပေ။

အအေးခံထားတဲ့ ရေနွေးပူဇလုံကို ဆူဘင်းလက်နဲ့အသာထိရင်း အပူအအေး စမ်းကြည့်လိုက်တယ်။ခပ်နွေးနွေး အနေတော်အခြေအနေရောက်ခါမှ ရေနွေးဇလုံကို ယူပြီး လက်ကိုင်ပုဝါတစ်ထည်နဲ့ အဝတ်တစ်ချို့ကို ကိုင်ဆောင်ကာ နေရာက ထလာခဲ့တယ်။

အဆောင်ဘေးက ကော်ရစ်ဒါမှာ လမ်းလျှောက်သွားရင်း မိုးရေစက်လက်ထဲမှာ ခုန်ဆွခုန်ဆွလုပ်နေတဲ့သူကို မြင်တော့ လှမ်းသတိပေးရသေးတယ်။

"Hana-chan.. မိုးရေထဲမှာ ဆော့မနေနဲ့လေ.. နေမကောင်းဖြစ်လိမ့်မယ်.."

"ဒီမှာ.. ဖားအကြီးကြီးတစ်ကောင်တွေ့လို့ ဆူဘင်း-san.."

ဒီမိန်းကလေးကတော့ မိုးရွာလို့ ဖားထွက်တာကိုများ တကူးတက မိုးရေထဲထိ ထွက်ကြည့်နေသေးတယ်။ သိကျွမ်းလာတာလဲ နှစ်အနည်းငယ်ကြာနေပြီမို့ အမြင်မတော်တာတွေ့ရင် ဆူဘင်းမှာ ကျော်မသွားလိုက်နိုင်ဘူး။

"ဆူဘင်း-san..
ညစာကို ဖားအကြွပ်ကြော် စားကြမလား.."

မဝေဖန်သင့်ပေမယ့် မိုးရွာနေတာကိုကြည့်ပြီး
စကားလုံးအလှလေးတွေ စီကုံးနေရမယ့်အစား
မိုးရေထဲထွက်ပြီး ဖားကြော်စားဖို့ စဥ်းစားနေတဲ့ Hana-chanဟာ ဘာကြောင့် အောင်မြင်တဲ့ စာရေးဆရာတစ်ယောက် ဖြစ်မလာလဲဆိုတာ သူနားလည်လာသလိုပဲ။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် Hana-chanက စာရေးခြင်းကို အရမ်းရူးသွပ်တယ်ဆိုတာကိုတော့ ဆူဘင်းသိတယ်။

BlueSpring | SookaiWhere stories live. Discover now