မြို့အတွင်းမှာ ကျင်းပတဲ့ ဆောင်းဦးပွဲတော်ရာသီ ကုန်ဆုံးတဲ့အခါ တည်းခိုဆောင်က ဧည့်သည်အားလုံးနီးပါး ပြန်လည်ထွက်ခွာသွားကြတယ်။
သို့ပေမယ့် အစောကတည်းက တည်းခိုနေခဲ့တဲ့ လူရွယ်လေးယောက်ကတော့ ပြန်မသွားကြသေးပေ။
သူတို့က နွေဦးပန်းပွဲတော်ရာသီအထိ အလည်အပတ်နေကြဦးမည့်ပုံပင်။တည်းခိုဆောင်က ဧည့်သည် အတော်များများ ပြန်သွားခဲ့တာကြောင့် ဆူဘင်းလဲ အရင်ကလောက် အလုပ်မရှုပ်တော့ပဲ ကျန်ရှိနေတဲ့ ဧည့်သည်တွေအတွက်သာ ပုံမှန်ဝန်ဆောင်မှုတွေ ပေးရလေတယ်။
မနက်ပိုင်းအလုပ်တွေ ပြီးစီးသွားတဲ့အခါ ခြံဝန်းထဲက Dreambed ကုလားထိုင်တစ်ခုပေါ်မှာ လဲလျောင်းရင်း ဆူဘင်းက နေပူဆာလှုံနေခဲ့တယ်။
မျက်လုံးတို့ကို အသာဖိပိတ်ထားရင်း ငြိမ်သက်စွာ လဲလျောင်းနေပေမယ့် အတွေးအာရုံတို့က တစ်စုံတစ်ရာဆီကို ပျံ့လွင့်နေခဲ့တယ်။
တည်းခိုဆောင်မှာ ကျန်ရှိနေတဲ့ ဧည့်သည်တွေထဲကတစ်ယောက်က တစ်နှစ်ပတ်လုံးအသည်းကွဲဝေဒနာကို ခံစားနေရတဲ့ Beomgyu-sanပဲ။
ဘောမ်ဂယူ-sanက တစ်ခါတစ်လေမှာ သစ်တောဘက်ကို လမ်းလျှောက်ထွက်တတ်သလို မြစ်ကမ်းဘက်ကိုလဲ ငါးမြှားသွားတတ်တယ်။ဆူညံလွန်းတဲ့ ဟျူနင်းခါအီက ဆူဘင်းကိုတင်မကဘဲ တစ်ယောက်တည်းနေတတ်တဲ့ ဘောမ်ဂယူsanကိုလဲ အလွတ်မပေးပါဘူး။တစ်နေကုန်နေလို့ စကားသုံးခွန်းမပြောတဲ့ ဘောမ်ဂယူ-sanကို ဟျူနင်းခါအီက မေးခွန်းပေါင်းများစွာနဲ့ လိုက်နှောင့်ယှက်နေတတ်တယ်။
အခုလဲ ငါးမြှားသွားတဲ့ ဘောမ်ဂယူ-san အနောက်ကို တကောက်ကောက် လိုက်သွားလေရဲ့။ဟျူနင်းခါအီက တကယ်တော့ ဆူညံလွန်းတဲ့ ကောင်ငယ်လေးတစ်ယောက်ပဲ။ ပြီးတော့ ချစ်စရာကောင်းအောင် ဆိုးတတ်တဲ့ လူဆိုးလေးတစ်ယောက်လဲ ဖြစ်တယ်။
ချစ်စရာကောင်းအောင် ရယ်မောတတ်တဲ့ နှုတ်ခမ်းပြည့်ပြည့်လေးတွေ၊ nosebridgeပါတဲ့ နှာတံမြင့်မြင့်လေး၊ ကျယ်ဝန်းတဲ့ မျက်ဝန်းအိမ်တွေ၊ မျက်ဝန်းအောက်ဘက်က ပါးတစ်ဝိုက်မှာရှိတဲ့ အနက်ရောင်ဖျော့ဖျော့ မှဲ့အစက်အပြောက်သေးသေးလေးတွေနဲ့ ဟျူနင်းခါအီက ဆူဘင်းမျက်လုံးထဲမှာတော့ တကယ်ကို ချစ်စရာကောင်းတဲ့ ကောင်ငယ်လေးအသွင်ပဲ။
YOU ARE READING
BlueSpring | Sookai
FanfictionWritten in Myanmar(Burmese) TXT_Soobin & HueningKai Sookai fanfiction