Haechanရဲ့တစ်နေ့တာက လွန်စွာမှ ပျင်းရိဖွယ်ကောင်းလှသည်။ မနက်ပိုင်း Lee Markအလုပ်သွားတည်းက အိမ်မှာသူတစ်ယောက်တည်းကျန်ခဲ့သည်လေ။ သူတစ်ယောက်တည်း...အင်းး..သူတစ်ယောက်တည်းတော့မဟုတ်ဘူးပေါ့ ဦးလေးKimလည်းရှိပေမယ့် ဦးလေးKimကခြံထဲမှာ သူ့အလုပ်တွေသူလုပ်နေတာနဲ့ Haechanက အိမ်မှာ တစ်ယောက်တည်းလိုဖြစ်နေတာ။
နေ့လယ်ပိုင်းရောက်တော့လည်း ဦးလေးKimပြင်ပေးတဲ့နေ့လယ်စာကို သူတစ်ယောက်တည်းသာ အထီးကျန်စွာ စားခဲ့ရသည်။ အထီးကျန်တယ်လို့လည်းဘယ်ဟုတ်ပါ့မလဲ သူငယ်ငယ်လေးတည်းက ဒီလိုပဲဟာ လက်ထပ်လိုက်တော့လည်း ဘာများထူးဆန်းသွားလို့လဲ အရင်လိုပဲ တစ်ယောက်တည်းဖြစ်မြဲက ဖြစ်မြဲပင်။
အဖေပြောခဲ့တာကတော့ Lee Markက သူ့ကို အဖေ့ဆီမှာ လက်ထပ်ဖို့ခွင့်တောင်းခဲ့တာတဲ့လေ အမှန်ပြောရရင် Haechanနည်းနည်းတော့ မျှော်လင့်မိခဲ့သေးတာ အချစ်ဆိုတဲ့အရာကိုHaechanသေချာမသိပေမယ့်
ခံစားဖူးချင်ခဲ့တာ အချစ်ခံရတဲ့ ခံစားချက်ကဘယ်လိုလဲဆိုတာ.... အခုတော့ ထားလိုက်ပါတော့ အချစ်ဆိုတာ သူသောက်နေကျစီးကရက်တွေလောက်တောင်မှ အရေးမပါတဲ့အရာပါပဲ မိသားစုဆီကတောင် အချစ်မခံရမှတော့ သူစိမ်းဖြစ်တဲ့Lee Markက ဘာလို့များသူ့ကိုချစ်မှာလဲ တစ်ယောက်တည်းအရူးလိုလျှောက်တွေးခဲ့မိတာပဲ။သောက်နေကျစီးကရက်တစ်လိပ်ကိုသာHaechanဖွာလိုက်ရင်း စိတ်ညစ်မှုတွေကိုအဝေးသို့တွန်းပို့မိသည်။ စိတ်ညစ်ရင် အဖော်ပြုစရာဆိုလို့ ဒီစီးကရက်တွေပဲရှိတာလေ စိတ်ညစ်မှမဟုတ်ပါဘူး။ အမြဲတမ်းသူနဲ့အတူတူစီးကရက်တွေကရှိခဲ့သလို အခုချိန်ထိသူ့အပေါ်သစ္စာရှိတာလည်းစီးကရက်တွေပဲရှိတယ် ပြီးတော့ရှိပါသေးတယ် ပိုက်ဆံလေ ပိုက်ဆံပဲပေါ့။ ပိုက်ဆံနဲ့စီးကရက်သာမရှိရင် Haechanမနေနိုင်လောက်ဘူးထင်ရသည်။
မျက်လုံးမှိတ်ပြီး စီးကရက်ကို ဇိမ်ခံသောက်နေတဲ့ Haechanက အိမ်ရှေ့က ကားသံကြားမှပဲ မျက်လုံးဖွင့်ကြည့်မိတော့သည်။
Lee Mark ပြန်လာပြီထင်ပါရဲ့။
ထင်ထားသည့်အတိုင်း Lee Markက ကားပေါ်မှဆင်းလာပြီး သူ့ဆီသို့တည့်တည့် လျှောက်လာနေသည် မျက်နှာထားကတော့ တည်ထားမြဲ တင်းထားမြဲပင်။