" Hyuckie မေမေ့သားလေး သေချာပေါက်... အသက်ရှင်ရမယ်နော် "
" ဒီမေမေနဲ့ဖေဖေက Hyuckieကို... ချစ်တယ်နော်... သားလေး "
" မေမေ !! ဖေဖေ !! "
" ဟင့်... မေမေ !!! "
" Haechan ! Haechan ! သတိထားဦးလေ Haechan ! "
အိပ်မက်မက်နေရင်း ယောင်နေပုံရသည့် Haechanအား Lee Mark ဖြည်းဖြည်းကိုင်လှုပ်၍ နှိုးလိုက်သည်။
" မေမေ !! ဖေဖေ !! "
နှိုးနေပါသော်လည်း နိုးမလာသည့်အပြင် ဆက်လက် ယောင်နေသည့် Haechanကြောင့် Lee Markစိတ်တွေ ပူပန်ရပြီ။
" Haechan ! ကိုယ်ပါ Lee Markလေ "
" ဟင် Lee Mark !! "
ထပ်မံ ကိုင်လှုပ်ကာ နှိုးလိုက်တော့မှ မျက်လုံးများ ဖွင့်ကြည့်လာပြီး Haechanက ယခုမှ ကယ်တင်ရှင်ကို ရှာတွေ့သွားသလို Lee Mark၏ ရင်ခွင်ထဲသို့ တိုးဝင်၍ လွတ်ထွက်သွားမှာ စိုးသည့်အလား တင်းကြပ်စွာ ဖက်ထားတော့သည်။
" ကျွန်တော် ကြောက်နေခဲ့တာ... တော်ပါသေးတယ်...အိပ်မက်ဖြစ်နေလို့... "
" အင်း ကိုယ်ရှိတယ်နော် ဘာမှကြောက်စရာမလိုတော့ဘူး "
" အိပ်မက်က ထူးဆန်းတယ် ပြီးတော့ အိပ်မက်ထဲက အဖြစ်အပျက်တွေထဲမှာ ကျွန်တော်မပါပေမယ့် ဘာလို့... ကျွန်တော့်ရင်တွေ အရမ်းနာနေရတာလဲမသိဘူး... "
Lee Mark၏ ရင်ခွင်ထဲမှနေ၍ ပြောနေသည့် Haechan၏ အသံတို့ဟာ တုန်ယင်လျက်။
" အိပ်မက်ပဲလေ Haechanရဲ့ မေ့လိုက်တော့နော် "
" ကျွန်တော်အရမ်းကြောက်နေခဲ့တာ "
" အင်း အခုကိုယ်ရှိနေပြီမို့ ဘာမှကြောက်စရာမလိုတော့ဘူးနော် "
ပြောနေရင်း Lee Markက Haechanကို ပိုတိုး၍ ဖက်လိုက်မိတော့ Haechanကလည်း ဘာစကားမှထပ်ပြောမလာတော့ဘဲ ပိုတိုး၍ ဖက်ထားတော့၏။
" ညက ကိုယ်မင်းကို Jaeminအခန်းထဲမှာ လဲကျနေတာ တွေ့လိုက်လို့ ကိုယ့်အသိဆရာဝန်ကိုအမြန်လှမ်းခေါ်လိုက်တာ... သူက မင်းအားနည်းနေလို့ဖြစ်တာပြောတယ် ပြီးတော့ သောက်ရမယ့်အားဆေးတွေ ပေးခဲ့တယ် အခုမနက်စာ စားတော့မလား စားပြီးရင် ဆေးမြန်မြန်သောက်ရအောင် "