Lee Markရေးထားသည့် စာအုပ်အား Haechanတွေ့ရှိပြီးသည့်နောက်ပိုင်း Lee Markနှင့် Haechanတို့၏ ဆက်ဆံရေးဟာ ယခင်ကထက် ပို၍နီးစပ်လာသည်ဟု ပြောလို့ရနိုင်သည်။
အလုပ်အတူသွား၊ အတူပြန်ကြသည့်အခါ ကားအတွင်းရှိလေထုမှာလည်း ငြိမ်သက်မနေတော့ဘဲ Haechan၏ Lee Markကို စနောက်သံတို့နှင့်သာ ပြည့်နှက်နေပြီး Lee Markမှာလည်း ကားမောင်းနေရင်း ဘေးနေရာမှ Haechanအား ခိုးကြည့်၍ ပြုံးနေတတ်သည့် အလေ့အကျင့်လေးတစ်ခုရလာခဲ့သည်။ Haechanက စီးကရက်တွေမသောက်တော့သလို၊ Lee Markကလည်း Haechanကို မသိမသာရော၊ သိသိသာသာပါ ယခင်ကထက်ပို၍ ဂရုစိုက်လာလေသည်။ ထို့အတွက်ကြောင့် တစ်ယောက်ကိုတစ်ယောက် ချစ်မိနေပြီလားဟုမေးလျှင်တော့ ပြန်ပြီးအဖြေပေးဖို့အတွက်ဟာ နှစ်ယောက်လုံးအတွက် ခက်ခဲလိမ့်မည်ထင်သည်။
" ဒီည ပွဲတစ်ခုတက်စရာရှိတယ်မလား "
" အင်း ရှိတယ် ဒါပေမယ့် မသွားနဲ့ "
ဒီညတက်ရမည့်ပွဲအား Lee Markကို Haechan လုံးဝ (လုံးဝ) မတက်စေချင်ပါ။
" ဘာလို့လဲ ဒီညပွဲက ဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ဘူး ကျွန်တော် ခင်ဗျားကို မသွားစေချင်လို့ "
ဟုတ်သည်လေ။ အဲ့ပွဲက Gang Mieunဆိုတဲ့ အမျိုးသမီးရဲ့ပွဲ။ အဲ့ကို Haechanက ဘယ်လိုစိတ်နဲ့ Lee Markကို လွှတ်လိုက်ရမှာလဲ။ မလွှတ်နိုင်ပါဘူး။ Lee Markက Haechanနဲ့ တရားဝင် လက်ထပ်ထားတဲ့သူပဲ။
" မသွားစေချင်တဲ့အကြောင်းပြချက်ပြောလေ အကြောင်းပြချက်ခိုင်လုံရင် ကိုယ်မသွားတော့ဘူး "
Lee Markဒီကိစ္စကို ဒီအတိုင်းတော့ လွှတ်မပေးလိုက်နိုင်ဘူး။ ဒီနောက်ပိုင်း Lee Markအလျှော့ပေးမှန်း သိလို့ Haechanက အခွင့်အရေးရတာနဲ့ ဂျစ်တိုက်ချင်နေတာ။
" ဟို... ခင်ဗျား ပင်ပန်းနေလို့လေ အဲဒါကြောင့် ခင်ဗျားကို နားစေချင်လို့ "
" ကိုယ်အဆင်ပြေတယ် Haechan ညကျ တက်ရမယ့်ပွဲက Gang Mieunရဲ့ ပွဲမလား ကိုယ်သူနဲ့ အလုပ်တွဲလုပ်စရာတွေ အများကြီးရှိသေးတယ် အဲ့တော့ ကိုယ်သွားမှဖြစ်မယ် "